Tuesday, June 30, 2026

လူငယ်ရေးရာဝန်ကြီးဌာန မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


နေပြည်တော် ဇွန် ၂၉   

လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်ရှိ မြတ်မင်္ဂလာလမ်းနှင့် ချင်းတွင်းလမ်းအကြား၌ကျင်းပရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရတနာတန်းဝင် ကျွန်းပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ရတနာတန်းဝင်ကျွန်းပျိုးပင်၊ မဟော်ဂနီပျိုးပင်နှင့် ခရေပျိုးပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ သဘာဝဘေး အန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေးနှင့် အရိပ်အာဝါသကောင်းမွန်ပြီး အပူဒဏ်ခံနိုင်စေရေးအတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပြီး ပျိုးပင်စုစုပေါင်း ၂၄၀ ကို စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။

 

သတင်းစဉ်

No comments:

Post a Comment