Friday, June 19, 2026

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်နှင့် မိတ္ထီလာမြို့နယ်များရှိ တောင်သူများနှင့် တွေ့ဆုံ

 


နေပြည်တော် ဇွန် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်နှင့် မိတ္ထီလာမြို့နယ်များရှိ ဝါ၊ ဆီထွက်သီးနှံနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ရမည်းသင်းမြို့နယ် ညောင်အိုင်ကျေးရွာ ကွင်းအမှတ် (၁၁၆၇) ရှိ တောင်သူ ဦးကျော်မွှေး၏ ဝါစမ်းသပ်စိုက်ခင်း၌ ဝါစိုက်တောင်သူများနှင့်လည်းကောင်း၊ ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာအုပ်စု ညောင်အိုင်ကျေးရွာနှင့် ပျော်ဘွယ်မြို့နယ် ချောင်းမကြီးကျေးရွာ နည်းပညာပေးစခန်း ၌ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်လည်းကောင်း၊ မိတ္ထီလာမြို့နယ် ကန်တောင်အုပ်စုပုတိမ်ကုန်းကျေးရွာနှင့် တောမကျေးရွာရှိ နှမ်းသီးနှံအထွက်တိုးရေးနည်းပညာပေး စံပြစိုက်ခင်း၌ ဒေသခံတောင်သူ​များနှင့်လည်းကောင်း၊ ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်သည့် နွေစပါး (ပေါ်ဆန်း- ၂) ဧက ၁၀၀ စိုက်ခင်း၌ ဒေသခံတောင်သူများနှင့်လည်းကောင်း၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ခရိုင်နှင့် မြို့နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံပြီး တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment