ရန်ကုန် မေ ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း (CPAFFC) က ဦးဆောင်ကျင်းပသော အာဆီယံ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌများ (၅) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် HUAXIAN မြို့၌ ကျင်းပရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးနှင့်
ဆက်စပ်၍ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး (၃၅) နှစ်မြောက်နှင့် တရုတ်-အာဆီယံ
ပြည်သူချင်းချစ်ကြည်ရေး အုတ်မြစ်ချထူထောင်မှု နှစ် (၂၀) မြောက်အတွက်ပါ အမှတ်တရခမ်းနားစွာ
ကျင်းပခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင်
တရုတ်-အာဆီယံနိုင်ငံများမှ ပြည်သူချင်းချစ်ကြည်ရေးအသင်းများအနေဖြင့်
ထိတွေ့ဆက်ဆံခဲ့ကြသည်မှာ နှစ်ကာလအချိန်ကြာလာသည်နှင့်အမျှ အပြန်အလှန်ယုံကြည်မှု၊
လေးစားမှုများနှင့် ချစ်ကြည်ရေးကဏ္ဍများ တည်ဆောက်နိုင်ခဲ့ကြပြီဖြစ်ကြောင်း၊
ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို Win-Win ပေါ်လစီနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြကြောင်း၊
မိတ်ဖက်မဟာဗျူဟာမြောက်ဆက်ဆံရေးမှ အေးအတူပူအမျှ အသိုက်အဝန်းအတူတကွ
တည်ဆောက်နေထိုင်သွားကြရန်၊ ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးလုပ်ငန်းများ
ဘက်စုံတိုးမြှင့်ရန် ရှေ့လုပ်ငန်းစဉ် (၂၀၂၆ - ၂၀၂၈) ကိစ္စရပ်များ
ဆွေးနွေးဖလှယ်ကြသည်။
အာဆီယံ-
တရုတ်ချစ်ကြည်ရေး ၁၀ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်
မေ ၂၈
ရက်တွင် AN HUI ပြည်နယ် HUANG SHAN မြို့၌ အစိုးရက
ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် ချစ်ကြည်ရေးမြို့များနှင့် ဒေသခံပြည်နယ်အစိုးရအဖွဲ့တို့
တွေ့ဆုံကျင်းပသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ
အပြန်အလှန်ဆွေးနွေးပွဲဖိုရမ်သို့ အာဆီယံ- တရုတ်ချစ်ကြည်ရေး ၁၀ နိုင်ငံ
ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ဖိုရမ်သို့
မလေးရှားပါလီမန်အမတ်၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ လာအို၊ ဗီယက်နမ်၊ တရုတ် (ဟောင်ကောင်)၊
ကမ္ဘောဒီးယားတို့မှ
ပါလီမန်အမတ်များ၊ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်လျက်ရှိကြသော
စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆွေးနွေးခဲ့ကြကြောင်း
သိရှိရသည်။
သတင်းစဉ်

No comments:
Post a Comment