နေပြည်တော် ဇွန် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများမှ ကျေးရွာခေါင်းဆောင်များအတွက် ဖွင့်လှစ်သည့် အသုံးချစာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး
ဦးမင်းနောင်က အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ ဌာနတာဝန်ရှိသူများသည်
ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ၂၇ ရွာမှ ကျေးရွာသစ်လှုပ်ရှားမှု ကော်မတီခေါင်းဆောင်
သင်တန်းသား သင်တန်းသူများက သက်ဆိုင်ရာ ဒေသအသီးသီး၏ စိုက်ပျိုးမွေးမြူရေး ရေလိုအပ်ချက်များနှင့်ပတ်သက်သည့်
တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကျေးရွာသစ်လှုပ်ရှားမှု
စံပြကျေးရွာစီမံကိန်းကို ၂၀၁၅ ခုနှစ် မှစတင်၍ ကာလရှည် စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ရာ
ယနေ့အထိ စုစုပေါင်း ကျေးရွာ ၂၅၀ တွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
အဆိုပါစီမံကိန်းအား ငွေကြေးအရင်းအနှီးဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်
စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းမှ ထောက်ပံ့ငွေများအပါအဝင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေများ၊
ငွေကြေးအဝင်အထွက်များနှင့် ပိုင်ဆိုင်ပစ္စည်းကိရိယာများကို စနစ်တကျမှတ်တမ်းတင် စာရင်းသွင်းပြုစုနိုင်ကြစေရန်
ရည်ရွယ်ဖွင့်လှစ်သည့် ယခုသင်တန်းသို့ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ၂၇ ရွာမှ
ကျေးရွာသစ် လှုပ်ရှားမှုကော်မတီ ခေါင်းဆောင် ၈၄ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment