Tuesday, June 23, 2026

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်


 

နေပြည်တော် ဇွန် ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ခွာညိုပန်းအဝိုင်းအနီးရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနပိုင် ဝါးနှင့် သစ်စေးစိုက်ပျိုးရေး စီမံကိန်းမြေနေရာအကွက် အမှတ် (၂၀) အတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အမှာစကားပြောကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများက သစ်စေးပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

အလားတူ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေနေပြည်တော် ခရိုင်/ မြို့နယ်များစုပေါင်း၍ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ရွှေပေး-ရှားစေးဖို ကျေးရွာချင်းဆက်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ ယာ၌ အရိပ်ရပင်များဖြစ်သည့် သစ်ဖြူ(စစ်)ပင်၊ ကုက္ကိုပင်၊ ကျွန်းပင်၊ စိန်ပန်းပင်၊ ပိတောက်ပင်၊ မဲဇလီပင်၊ ကံ့ကော်ပင်နှင့် ခရေပင် စုစုပေါင်းပျိုးပင် ၄၁၃ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment