နေပြည်တော် ဇွန် ၁၈
၁၃၂ ကေဗွီ ဆည်တော်ကြီး-အောင်ပင်လယ်ဓာတ်အားလိုင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့ဧရိယာများ စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေးပါသည့်ဓာတ်အားလိုင်းဖြစ်ပြီး အဆိုပါဓာတ်အားလိုင်းကို အသေးစိတ်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ မတ္တရာမြို့နယ်အတွင်း အေးချမ်းသာရွာအနီးရှိ တာဝါတိုင်အမှတ် (၂၄ နှင့် ၂၅) အကြား၊ မြောင်းသစ်ရွာအနီးရှိ တာဝါတိုင်အမှတ် (၅၅ နှင့် ၅၆) အကြားတို့တွင် ဓာတ်အားလိုင်းကြိုးများ ကြိုးလွန်းဖွာနေခြင်း၊ တာဝါတိုင်အမှတ် (၆၆) တွင် ကြွေသီးမီးပန်းနေခြင်း၊ စာတိုက်တကာရွာအနီးရှိ တာဝါတိုင်အမှတ် (၈၅) တွင် ကြွေသီးကွဲနေခြင်းနှင့် တာဝါတိုင်အမှတ် (၈၄ နှင့် ၈၅) အကြား ဓာတ်အားလိုင်းကြိုး ကြိုးလွန်းများပြတ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပြီးပါက ဓာတ်အားပြတ်တောက်မှု လျော့နည်းပြီး ဓာတ်အားလွှတ်စက်ပစ္စည်းများ
ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် အထက်ဖော်ပြပါလုပ်ငန်းများကို ဇွန်
၂၀ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဓာတ်အားပိတ် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သပိတ်ကျင်းမြို့နယ်နှင့်
စဉ့်ကူးမြို့နယ်တို့ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံမှ
ဓာတ်အားထုတ်လုပ်မှု ၁၂ မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်၍ ကျန်ဓာတ်အားပေးစက်ရုံများမှ
ဓာတ်အားတိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေးကို လိုအပ်သလိုစီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ နေပြည်တော် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်အတွင်း
ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက်
ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ
ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ်
(၆) မှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ EV ဓာတ်အားလိုင်းကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီမှ
ညနေ ၅ နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ
မြို့မဈေးယာဉ်ပြင် အလုပ်ရုံ၊ ဇေယျသိဒ္ဓိရပ်ကွက်အိမ်ရာများ၊ EV Charging Station များ
ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူများကို
ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment