Friday, June 26, 2026

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံမှာကြား

 

နေပြည်တော် ဇွန် ၂၅

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ယနေ့နံနက် ၁၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

တက်ရောက်

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သံတမန်တစ်ဦးအတွက် အရေးအကြီးဆုံးမှာ နိုင်ငံတော်အပေါ် သစ္စာရှိခြင်းဖြစ်သည်ကို အလေးအနက်ထား၍ မှာကြားလိုကြောင်း၊ နိုင်ငံခြားရေး ဝန်ထမ်းတိုင်းသည် နိုင်ငံရေးအမြင်၊ သံခင်းတမန်ခင်းအမြင်ရှိ နေကြရန်လိုအပ်ကြောင်း၊ နိုင်ငံရေးအမြော်အမြင်နှင့် အတွေ့အကြုံအားကောင်းသည့် အရည်အချင်းပြည့်ဝသော သံတမန် ဝန်ထမ်းများရှိခြင်းသည် နိုင်ငံနှင့် ဝန်ကြီးဌာနအတွက် တန်ဖိုးရှိသကဲ့သို့ နိုင်ငံနှင့် ဝန်ကြီးဌာနအတွက် သစ္စာရှိရှိ၊ ရိုးရိုးသားသားနှင့် မိမိလုပ်ငန်းတာဝန်များကို တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ကြသည့် ဝန်ထမ်းများဖြစ်ရန်အရေးကြီးကြောင်း ပြောကြား သည်။

ထို့နောက် သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ် ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ ယခင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က သွားရောက်ကြမည့် နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ရည်မှန်းချက်များ၊ သတိထားရှောင်ကြဉ်ရမည့် အချက်များကို အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment