မြစ်ကြီးနား မေ ၂၉
ကချင်ပြည်နယ်အတွင်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက တောင်သူအသိပညာပေး သဘာဝမြေသြဇာ (ပိုက်ဆံလျှော်) အသုံးပြုခြင်းကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား MPE ထုတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်သည်မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း၌ တောင်သူ အသိပညာပေးသဘာဝမြေသြဇာ
(ပိုက်ဆံလျှော်) အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲတွင် ဒေသခံတောင်သူများနှင့်
တွေ့ဆုံပြီး ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပါအဝင်
စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးဆီထွက်သီးနှံများ
တိုးမြှင့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍
ပန်းတိုင်အထွက်နှုန်းရရှိအောင် မျိုးပြောင်းလဲသုံးစွဲခြင်း၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ
အသုံးချခြင်းတို့ကိုအပြင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
သို့မှသာ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်သကဲ့သို့
တောင်သူအကျိုးစီးပွားဖြစ်ထွန်းမည်ဖြစ်ပြီး သီးထပ်စိုက်ပျိုးနိုင်ရေးကို
အလေးထားကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားမြို့နယ်အတွင်းရှိ တောင်သူများအား
မိုးစပါးမျိုးစေ့အိတ်များ၊ ယူရီးယားဓာတ်မြေသြဇာအိတ်များ၊ ရွက်ဖျန်းမြေသြဇာ၊
ဂျစ်ဆန်မြေသြဇာများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များကို အသီးသီးပေးအပ်ကြရာ
တောင်သူများတစ်ဦးက ကျေးဇူးတင်စကားနှင့် ကွင်းအတွင်း သီးထပ်စိုက်ပျိုးရေးအတွက်
လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်
ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား
မိုးစပါးရိတ်သိမ်းပြီး ဆီထွက်သီးနှံဖြစ်သည့် ဆီမုန်ညှင်း၊ ပဲပုတ်များ
စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ
များနှင့် ဒေသခံတောင်သူများသည် ဗလမင်းထင်စံပြကွင်း မန်ခိန်ကွင်းနှင့်
တပ်ကုန်းကွင်းတို့အတွင်း မိုးစပါးစိုက်ပျိုးချိန်အမီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်
တောင်သူအသိပညာပေးစိုက်ပျိုးထားသည့် သဘာဝမြေသြဇာ (ပိုက်ဆံလျှော်) ပင်များအား
ထွန်စက်များဖြင့် ထယ်ထိုးမြေမြှုပ်ခြင်း တောင်သူအသိ ပညာပေးကွင်းသရုပ်ပြခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး
မိုးစပါးစိုက်ပျိုးနိုင်ရေးစိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများအကြား
ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့်
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှီသူများသည် မန်ခိန်ရပ်ကွက်အတွင်းရှိ
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့
ပူးပေါင်း၍ တောင်သူအသိပညာပေးစိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများဖြင့်
သဘာဝမြေသြဇာကန် (Aerated Static
Compost Bin) ဖြင့် သဘာဝမြေသြဇာထုတ်လုပ်ခြင်း
နည်းလမ်းကောင်းများနှင့် ပျိုးခြံအတွင်း ခြံစိုက်တောင်သူများအား အသိပညာပေးစိုက်ပျိုးထားသည့်
အာရေးဗီးကားကော်ဖီ ပျိုးပင်များပျိုးထောင်ထားမှုနှင့် ကော်ဖီပင်များအားလည်းကောင်း၊
မြစ်ကြီးနားမြို့နယ်အတွင်းရှိ တောင်သူများအား MPE ထုတ်
ယူရီးယားဓာတ်မြေသြဇာအိတ်များကို ပိုမိုချိုသာသောဈေးနှုန်းဖြင့် တောင်သူတစ်ဦးလျှင်
တစ်အိတ်နှုန်းဖြင့် ရောင်းချပေးနေမှုနှင့် ဂိုထောင်အတွင်း ခရိုင်၊
မြို့နယ်များသို့ ဖြန့်ဝေပေးလျက်ရှိသည့် ဓာတ်မြေသြဇာအိတ်များ
စုဆောင်းသိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment