Friday, May 29, 2026

ရန်ကုန်တိုင်း​ဒေသကြီး၌ "နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့" လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂

နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ လူငယ်စင်တာခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား/ကျောင်းသူများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြန်မာလူငယ်မိဿဟာယအသင်း (M-YF)၊ လူငယ်တွဲလက်များ လူမှုကူညီရေးအသင်းစကားဝိုင်းလူငယ်ကိုယ်စားလှယ်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။






ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှုရုပ်သံ Video clip ဖြင့် ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က လူငယ်စကားဝိုင်း Moderator/ Speaker နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အားကစားသရုပ်ပြသ၍လည်းကောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအလှ ခတ်သရုပ်ပြသခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ လူငယ်အဖွဲ့ခေါင်းဆောင် (၅) ဦးတို့က နိုင်ငံဖွံ့ဖြိုးဖို့လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းစတင်ခဲ့ပြီး တက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း QR Scan ဖြင့် စစ်တမ်းကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။

​အောင်မြင့် (ပြန်/ဆက်)

No comments:

Post a Comment