Saturday, May 30, 2026

နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

 

နေပြည်တော် မေ ၂၉

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသက်(၁၆)နှစ်အထက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အသက်(၁၂)နှစ်အထက်နှင့်(၁၂)အောက် အမျိုးသား/အမျိုးသမီး သင်တန်းသား သင်တန်းသူများကို တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့ကြသည့် သင်တန်းသား သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ရေကူးခွင့် Member Card များကို လည်းကောင်း ပေးအပ်ကြသည်။

ထို့နောက် အားကစားရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ မြို့တော်ဂေါက်ကွင်း၌ ကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အလှည့်ကျဂေါက်သီးရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။

ပြိုင်ပွဲသို့ ဝါသနာရှင်အဆင့် အားကစားသမား ၈၀၊ Junior အဆင့် ကစားသမား ၅၀ စုစုပေါင်း ၁၃၀ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မေ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment