နေပြည်တော် မေ ၂၉
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့အား ရုံးအမှတ် (၃၀) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ဖြည့်ဆည်းပံ့ပိုးပေးမည်
တွေ့ဆုံစဉ် MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်းများကို ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကဏ္ဍအလိုက် ဆွေးနွေး
ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment