နေပြည်တော် မေ ၃၀
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေ အနေနှင့် မန္တလေးမြို့ ၂၇ လမ်း-၆၈ လမ်းထောင့်နှင့် မန္တလေးဘူတာကြီးတို့တွင် ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာများကို ကြည့်ရှု စစ်ဆေးသည်။
ယမန်နေ့ကလည်း
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ အပေါ် ပြန်လည်ပြုပြင်ပြီးစီးသည့်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး နှစ်ထပ်ရုံး အဆောက်အအုံကို
သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ သက်သာချောင်ချိရေးပစ္စည်းများ
ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ချမ်းအေးသာစံမြို့နယ်
မရမ်းခြံဆိပ်ကမ်း ၂၆ B လမ်းနှင့် မန္တလေးမြို့ပတ်လမ်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
မန္တလေးတိုင်းဒေသကြီးရုံးနှင့် သတင်းပြန်ကြားရေး ကောင်တာအဖြစ် ယာယီဖွင့်လှစ်ထားသော
သုံးထပ်ရုံးအဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment