နေပြည်တော် ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်သည် မြစ်ကြီးနားမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံရှိ လေဆိပ်များရှိရာ အခြားမြို့ကြီးများသို့ ဆက်သွယ်သွားလာ ပျံသန်းလျက်ရှိပြီး ကချင်ပြည်နယ်ရှိ လေဆိပ်များအနက် ကုန်သွယ်ရေးနှင့် ခရီးသည် ဝန်ဆောင်မှု သွားလာရေးအတွက် အဓိကကျအရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် လေဆိပ်တစ်ခုလည်း ဖြစ်သည်။
အဆိုပါ ကချင်ပြည်နယ်၏
အဓိကလေကြောင်းဗဟိုချက်တစ်ခုဖြစ်သော အများပြည်သူ သွားလာရေးနှင့် ကုန်စည်စီးဆင်မှုမြန်ဆန်စေရေးအတွက်
များစွာအထောက်အကူပြုလျက်ရှိသည့် မြစ်ကြီးနားလေဆိပ်အား KIA အဖွဲ့နှင့် PDFအမည်ခံ အကြမ်းဖက်
သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင်
FPV Suicide Drone များအသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန်
ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း
(MNA) မှ မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များတင်ဆောင်ပြီး
ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊
ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်ပျက်စီးခဲ့ပြီး လေယာဉ်ခရီးစဉ်ရပ်နားခဲ့ရသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့်
စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အသုံးပြုလျက်ရှိသော အရပ်ဘက်လေကြောင်းလိုင်းအား
ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ
စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ်
ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးကပါ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ
စက်ဆုတ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိသည်။





















No comments:
Post a Comment