မြန်မာအနေဖြင့် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မရှိကြောင်းကို ရွာများတွင် ဖြစ်ပွားခဲ့မှုများကို အသေးစိတ်ခွဲခြားစိတ်ဖြာလေ့လာလျှောက်လဲမည်ဖြစ်ကြောင်း။
ဂမ်ဘီယာ၏ အဓိကစွပ်စွဲချက်မှာ တပ်မတော်သည် ရခိုင်ပြည်နယ်
မြောက်ပိုင်းရှိ ဘင်္ဂါလီရွာများကို တစ်ပုံစံတည်းစစ်ဆင်ခဲ့ပြီး ရွာတိုင်းတွင်
လူပေါင်းရာချီကို သတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတို့ကို တစ်ပုံစံတည်းပြုလုပ်ခဲ့သည်ဟုဆိုကာ လူမျိုးသုဉ်းစေရန်
ရည်ရွယ်ခဲ့သည်ဟု စွပ်စွဲထားခြင်းဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ယင်းစွပ်စွဲမှုကို သက်သေပြနိုင်ခြင်းမရှိပါက
လူမျိုးသုဉ်းစေမှုမမြောက်ပါကြောင်း၊ ထို့ကြောင့် တပ်မတော်က ရွာတိုင်းတွင်
စစ်ဆင်ပုံ (pattern of
conduct) တစ်ပုံစံတည်းမဟုတ်ကြောင်း
ရှင်းလင်းလျှောက်လဲသွားမည်ဖြစ်ကြောင်း။
ပထမအချက်အနေဖြင့် ဂမ်ဘီယာအနေဖြင့် စုစုပေါင်းရွာမည်မျှတွင်
တစ်ပုံစံတည်း ဆောင်ရွက်ထားသည်ကို ဖော်ပြနိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့၏
အဆိုလွှာတွင် အဓိက ၃ နေရာ၊ အခြား ၃၈ ရွာ ဖော်ပြခဲ့ကြောင်း၊ ဒုတိယမြောက်အဆိုလွှာတွင်
နောက်ထပ်ရွာ ၄ ရွာ ထပ်မံဖော်ပြခဲ့သဖြင့် စုစုပေါင်း ရွာ ၄၆ ရွာကို ဆိုလိုခြင်းဟု
ယူဆရပြီး ယခင်က ရွာပေါင်းရာချီဟု ဆိုလိုခြင်း မဖြစ်နိုင်ကြောင်း၊ ၂၀၁၇ ခုနှစ်
ဩဂုတ်လ ဖြစ်စဉ်မတိုင်မီ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီရွာ သို့မဟုတ် ဘင်္ဂါလီရှိသည့်ရွာ
စုစုပေါင်း ၅၀၉ ရွာ ရှိကြောင်း၊ သို့ဖြစ်ရာ ဂမ်ဘီယာက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ
ဘင်္ဂါလီနေထိုင်သည့် ရွာများထဲမှ ၁၀ ရာခိုင်နှုန်းသော ရွာများကို
စွပ်စွဲနေခြင်းဖြစ်ကြောင်း။
ဒုတိယအချက်အနေဖြင့် စစ်ဆင်ရေးတစ်ပုံစံတည်းဆောင်ရွက်ခဲ့ခြင်းဆိုသည့်
consistent pattern စွပ်စွဲချက်ကို သက်သေအထောက်အထားအခိုင်အလုံဖြင့်
လေ့လာဖော်ပြနိုင်ခြင်းမရှိကြောင်း၊ တစ်ပုံစံတည်းဟုဆိုရာတွင် ရွာအားလုံးတွင်
ထပ်ကာတလဲလဲဖြစ်ရပ်များ ရှိရန်လိုအပ်ကြောင်း၊ သို့မဟုတ်ပါက စွပ်စွဲချက်မှာ ခန့်မှန်းချက်သက်သက်သာဖြစ်သည်ဟုသာ
ယူဆနိုင်ကြောင်း။
တတိယအချက်အနေဖြင့် စွပ်စွဲချက်များကို တိတိပပဖော်ပြနိုင်ခြင်းမရှိသလို
သက်သေထွက်ဆိုချက်များတွင် မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်ရက်တွင် မည်သည့်နေရာ၌
ဖြစ်ပွားကြောင်းကို ဖော်ပြနိုင်ခြင်းမရှိကြောင်း၊ စွပ်စွဲချက်များတွင် “လျှာနှင့်
လက်များ ပြတ်နေသည်”၊ “ရာပေါင်းများစွာသော အလောင်းများကို သစ်ပင်၌ ချိတ်ဆွဲထားသည်”၊
“ဦးခေါင်းများ ဘောလုံးများကဲ့သို့ ရေထဲ၌မျောနေသည်” ဆိုသည့် စွပ်စွဲချက်များကို Public International Law & Policy
Group(PILPG) နှင့် US State Department တို့မှရရှိသည်ဟု
သိရှိရကြောင်း၊ PILPG ၏ အစီရင်ခံစာတွင် မေးမြန်းချက်များသာဖြစ်ပြီး
US State Department အစီရင်ခံစာက အချက်အလက်များအား မည်သို့ရရှိထားသည်ကို
ဖော်ပြထားခြင်းမရှိကြောင်း၊ အဆိုပါ အချက်အလက်များသည် ခံစားချက်အပြည့်ပါသော်လည်း
ယခုကိစ္စသည် ခံစားချက်ကို ဖော်ကျူးရန်မဟုတ်ကြောင်း၊ ယင်းသို့ မသေချာမရေရာသည့်
စွပ်စွဲချက်များကို မြန်မာသာမက မည်သည့်နိုင်ငံမှ အပြုသဘောတုံ့ပြန်ရန်မဖြစ်နိုင်ကြောင်း။
စတုတ္ထအချက်အနေဖြင့် ဂမ်ဘီယာက သက်သေခိုင်လုံမှုကို
ပြသရမည့်အစား မြန်မာကသက်သေအထောက်အထားများအား အသေးစိတ်လေ့လာပေးနေရကြောင်း၊
မြန်မာအနေဖြင့် တစ်ရွာချင်းကို သုံးသပ်လေ့လာခဲ့ရာ ဂမ်ဘီယာကစွပ်စွဲသကဲ့သို့ ရွာ ၄၆
ရွာတွင် တစ်ပုံစံတည်း စစ်ဆင်ရေးပြုလုပ်ခဲ့သည်မှာ မှန်ကန်မှုမရှိသည်ကို
တွေ့ရှိရကြောင်း။
သို့ဖြစ်ရာ စစ်ဆင်ရေးဆောင်ရွက်ပုံရှိခဲ့သည်ဟု
ဖော်ပြမည်ဆိုပါက တပ်မတော် အနေဖြင့် ARSA အကြမ်းဖက်အဖွဲ့အစည်း၏ အကြမ်းဖက်မှုကို တုံ့ပြန်ခြင်းသာဖြစ်ကြောင်း၊
ယင်းသို့ဆောင်ရွက်ရာတွင် ပစ်မှတ်ကို အဓိကထားချေမှုန်းခြင်းဖြစ်ပြီး
အချိန်အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ဂမ်ဘီယာ၏ စွပ်စွဲချက်များတွင် ပါရှိသော ရွာ ၄၂ ရွာဖြစ်သည့်
ဂူတာပြင်၊ အလယ်သံကျော်၊ မြင်းလွှတ်၊ ကျောက်ပန္ဒူ၊ ကိုးတန် ကောက်/ ချိန်ခါလီ၊
အင်းဒင်၊ ဒိုးတန်း၊ ငါးခူရ၊ ငါးစားကြူး၊ ကြက်ရိုး ပြင်၊ ပွင့်ဖြူချောင်း၊
ဦးရှည်ကျ၊ မျောတောင်၊ ရေခတ်ချောင်းဂွဆုံ၊ ဒါးကြီးဇား၊ ဝပိတ်၊ ဒါးပိုင်ဆရာ၊
ငန်းချောင်း၊ ဖားဝတ်ချောင်း၊ ဇင်ပိုင်ညာ၊ ကြိမ်ချောင်း/ ဒုံးပိုက်/ ရီးဒါး၊
လောင်းဒုံ၊ နောင်ဒါခါလီ၊ ဖောင်တော်ပြင်၊ ခြင်းသမား၊ မောင်ကြီးထောင့်၊ ခုံတိုင်/
မြောင်းနား၊ ယင်းမကျောင်းတောင်၊ တောင်ဘဇာ၊ သင်္ဘောကွဲ၊ ဖက်လိပ်၊ ဂေါ်ဒုသာရ၊
လာဘာဒေါင်၊ ဟန်ချာမဂူလန်၊ ကွမ်းသီးပြင်၊ တမန်းသား၊ ဒုအိုးသည်မ၊ ကာလာဒေးဖက်၊
သပြေတော၊ ပန်းဘဲချောင်းများကို အသေးစိတ်လေ့လာကြည့်ခဲ့ပါကြောင်း။
ယင်းသို့ လေ့လာကြည့်ရာတွင် ပထမအချက်အနေဖြင့် ဂမ်ဘီယာအဓိကစွပ်စွဲချက်မှာ
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ရာချီသော ဘင်္ဂါလီရွာများကို တစ်ပုံစံတည်း စစ်ဆင်တိုက်ခိုက်ခဲ့ပြီး
ယင်းကို ရွာ ၄၆ ရွာဖြင့် သက်သေပြခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း။
ဒုတိယအချက်အနေဖြင့် အသေးစိတ်လေ့လာတွေ့ရှိချက်များအရ အထူးသဖြင့်
ရွာ ၄၂ ရွာတွင် စစ်ဆင်ရေးကို တစ်ပုံစံတည်းပြုလုပ်သည်ကို မတွေ့ရှိရကြောင်း၊ ရွာ ၁၇
ရွာ သို့မဟုတ် စွပ်စွဲခံရသည့် ရွာအားလုံး၏ တစ်ဝက်နီးပါးတွင်
မည်သည့်လိင်အကြမ်းဖက်မှုမျိုးမျှ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲထားခြင်းမရှိကြောင်း၊
ရွာ ၁၂ ရွာ သို့မဟုတ် ရွာအားလုံး၏ လေးပုံတစ်ပုံတွင် သတ်ဖြတ်မှုများ မရှိခဲ့ကြောင်း၊
ဖြစ်ပွားခဲ့သည့်ရွာ ၁၁ ရွာဆိုသည်မှာ ၂၀၁၆ ခုနှစ်က ဖြစ်စဉ်များဖြစ်ကြောင်း၊ ရွာ ၃
ရွာတွင် စွပ်စွဲမှုတစ်ခုသာရှိပြီး သေဆုံးသူတစ်ဦးသာရှိကြောင်း။
တတိယအချက်အနေဖြင့် ရွာတစ်ရွာချင်းစီကို အသေးစိတ်
လေ့လာရာတွင် တပ်မတော်က ARSA
၏ အကြမ်းဖက်မှုကို တုံ့ပြန်တိုက်ခိုက်ခြင်း၊ အချိန်အကန့်အသတ်ဖြင့်သာ
တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အာဆာအကြမ်းဖက်တိုက်ခိုက်မှုများမှာ
ပူးပေါင်းချိတ်ဆက်ပြီး ဆက်တိုက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရသဖြင့်
ထိုအချိန်ကာလအပိုင်းအခြားတွင် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်ကို
တွေ့ရှိရကြောင်း၊ ဂမ်ဘီယာက “တပ်မတော်၏ စစ်ဆင်ရေးကို အံ့ဩဖွယ်ရာ တိုက်ဆိုင်မှု”၊ ရွာ
၇၆ ရွာကို တစ်ပြိုင်တည်း တိုက်ခိုက်မှုကို မတော်တဆဟု ဆို၍မရကြောင်း” ဟူသော စွပ်စွဲချက်များကို
ကြည့်ခြင်းအားဖြင့် ထိုအချိန်ကာလတွင် မြေပြင်၌ ဖြစ်ပွားခဲ့သည့်အခြေအနေများကို
အသိအမှတ်ပြုရန် ပျက်ကွက်နေကြောင်း၊ ဂမ်ဘီယာသည် ယခုထက်တိုင်မြန်မာက ဖော်ညွှန်းသည့် ARSA
၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ငြင်းဆိုခြင်းမပြုသော်လည်း
မသိကျိုးကျွန်ပြုသည့် ရပ်တည်ချက်ထားရှိသည်မှာ ရိုးသားမှုမရှိကြောင်း လျှောက်လဲခဲ့ပါသည်။
_A%20(4).jpg)
No comments:
Post a Comment