နေပြည်တော် ဇန်နဝါရီ ၃၀
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
ပြည်ထောင်စုအဆင့်
MSME ထုတ်ကုန်ပြပွဲနှင့်
ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာန ပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်
MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချဆိုင်ခန်းများ၊
လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊
လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့်
ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD
ဦးစားပေး EV ကား/ မော်တော်ဆိုင်ကယ်/
သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ် ပြခန်းများအပါအဝင်
ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့ ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း
သိရသည်။
ထို့ပြင်
ပြပွဲလာပြည်သူများအတွက် ဖေဖော်ဝါရီ ၈ ရက်မှ ၁၁ ရက်အထိ နိုင်ငံကျော်အဆိုတော်များ၊ တိုင်းရင်းသား
ရိုးရာအကများ၏ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သည့်အပြင် ပျော်ပွဲရွှင်ပွဲများလည်း
ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ယခုအခါ
ကျင်းပရေးဗဟိုကော်မတီက ဦးဆောင်ပြီး လုပ်ငန်းကော်မတီ ၁၁ ခုတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်
ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက်
လုပ်ငန်းတာဝန်များ စနစ်တကျအချိန်မီပြီးစီးရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment