နေပြည်တော် ဇန်နဝါရီ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ကော့လှကျေးရွာသို့ သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်ကာ မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသော ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများဖြစ်သော
ကျေးရွာတွင်းလမ်းပေါ်တွင် Box
Culvert နှစ်စင်း တည်ဆောက်ပြီးစီးမှု၊ ၁၂၃၈ ပေ အုတ်စီရေမြောင်းနှင့်
လမ်းပခုံးဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
တိုက်တွန်းမှာကြား
ယင်းနောက်
မုဒုံမြို့နယ် သမဝါယမအသင်းစုရုံးသို့ သွားရောက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ
အသင်း (၃) မှ အသင်းသားတောင်သူများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံရာ
ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသမဝါယမအသင်းများမှ အသင်းသားတောင်သူများ အရည်အသွေးမှန်ကန်ပြီး
ဈေးနှုန်းသင့်တင့်သည့် မြေဩဇာများ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
အသင်းသားတောင်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးအတွက် သီးနှံပန်းတိုင်အထွက်နှုန်းရရှိအောင်
စိုက်နည်းစနစ်များနှင့်အညီ ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း
တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုအားပေး
ထိုမှတစ်ဆင့်
ဒုတိယဝန်ကြီးသည် မုဒုံမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်၍
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသော ဒေါ်တင်နွဲ့ရီ၏ ရက်ကန်းရုံနှင့်
အရောင်းဆိုင်တို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မုဒုံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့
သွားရောက်၍ သင်တန်းကျောင်း အုပ်ကြီး၊ နည်းပြဆရာ ဆရာမများနှင့်တွေ့ဆုံကာ လိုအပ်သည်များ
မှာကြားသည်။
ယင်းနောက်
လက်ရက်ကန်းခြောက်လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင် တစ်နှစ်သင်တန်းတက်ရောက်နေကြသော
သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းသူများ ရက်လုပ်ထားသော ရက်ကန်းထည်လက်ရာများကို
အားပေးကြည့်ရှုသည်။
ထို့နောက်
ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့
သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်
ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment