နေပြည်တော် ဇန်နဝါရီ ၃၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများသည် ယနေ့တွင် ရန်ကုန် - မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေးလမ်းပိုင်း) တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေးလမ်းပိုင်း)
မိုင်တိုင်အမှတ် (၃၄၆/၀)ရှိ အရှည်ပေ ၁၈၀ သမင်လွှဲရိုးချောင်းတံတားသို့
ရောက်ရှိကြပြီး မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့မှုကို ပြန်လည်ပြုပြင်ပြီးစီးမှုနှင့်
တံတားချဉ်းကပ်လမ်းကတ္တရာ ကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို
ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက်
မိုင်တိုင်အမှတ် (၃၆၀/၀) ရှိ မြစ်ဆွတ်ချောင်းတံတားသို့ ရောက်ရှိကြရာ
တာဝန်ခံအင်ဂျင်နီယာက မန္တလေးငလျင်ကြီးကြောင့် မြစ်ဆွတ်ချောင်းတံတား အရှည်ပေ ၆၀၀ ပျက်စီးခဲ့မှု၊
ယာဉ်သွားလာမှုမပြတ်တောက်စေရေး အပြန်လမ်းဘက်ရှိ တံတားတွင် ငြမ်းထောက်ခြင်းဖြင့် အားဖြည့်၍
ယာယီဘေလီတံတားထိုးပြီး ယာဉ်များသွားလာနိုင်ရေး စီစဉ်ပေးထားမှု၊ တံတားနှစ်စင်းလုံး၏
တိုင်များကို ကွန်ကရစ်အားဖြည့်ခြင်း (Retrofit Stren-gthening) ပြုလုပ်၍ အကြီးစားပြင်ဆင်နေမှုနှင့်
ချဉ်းကပ်လမ်းများ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ
ပြည်ထောင်စုဝန်ကြီးက ထုတ်ပြန်ထားသည့် SOP အတိုင်း လိုက်နာဆောင်ရွက်ရန်၊
ရေရှည်ခိုင်ခံ့စေရေးအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့်
ကာလအတွင်း ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး ပင်မတံတားနှင့်
တံတားတိုင်များ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍
မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတားနေရာသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့်
ပြိုကျပျက်စီးသွားသော အရှည်ပေ ၇၀၀ ဒုဋ္ဌဝတီ တံတားဟောင်းအနီး တံတားအသစ်ပြန်လည်တည်ဆောက်နေမှုကို
ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မူလဒုဋ္ဌဝတီတံတားပျက်စီးမှု၊ တံတားအသစ်တည်ဆောက်ရန်
အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ
ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့်
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ်
ပြည်ထောင်စုဝန်ကြီးက ဒုဋ္ဌဝတီတံတားသည် ရန်ကုန် - မန္တလေး အမြန်လမ်းတွင်
အရေးပါသောတံတားဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု
ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး-ပလိပ်လမ်းမှတစ်ဆင့် ပတ်၍
မန္တလေးမြို့သို့ သွားလာနေရသောကြောင့် အသွား/အပြန် တံတားနှစ်စင်းရှိသည့်အနက်
တံတားတစ်စင်းကို ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင်
အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းသည် အရေးပါသော
လမ်းတစ်လမ်းဖြစ်သည့်အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများကို
အပိုင်းလိုက် လုပ်ငန်းများပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်
လိုအပ်ကြောင်းမှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း
ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဒုဋ္ဌဝတီတံတားအဟောင်းသည်
မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး
ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန်
ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော
တံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒုဋ္ဌဝတီတံတားနှင့် မန္တလေးတံခွန်တိုင်အဝိုင်းကြားရှိ
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်
(၃၆၆/၃) မှ (၃၆၁/၃) ကြားရှိ ကွန်ကရစ်လမ်းများ ပျက်စီးခဲ့ခြင်းကို
ပြန်လည်ပြုပြင်ပြီးစီး၍ ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်
လမ်းဘေး ဝဲ/ယာ မြေသားအမာခံရရှိရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေကို
ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment