နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၈) ၌ ကျင်းပသည်။
ထမနဲပွဲသို့
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး
ဗိုလ်ချုပ်မင်းသူနှင့် ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဇနီး၊
အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/
အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊
ပြိုင်ပွဲဝင်အသင်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ၁၂ လရာသီပွဲတော်များ၌
စုပေါင်းအားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးမြတ်သောရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း၊
မြန်မာတို့၏ ရှေးထုံးတမ်းအစဉ်အလာရိုးရာပွဲတော်များကို စဉ်ဆက်မပြတ်ထိန်းသိမ်းတတ်စေရန်၊
တစ်ဦးနှင့်တစ်ဦး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် အချင်းချင်းရိုင်းပင်းကူညီစိတ်၊
ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ရှင်သန်စေရန်အတွက်
ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း မှာကြားသည်။
အဆိုပါ
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ
ပြိုင်ပွဲဝင်အသင်းခြောက်သင်းပါဝင်ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ဖုန်းမြတ်နှင့် ဇနီး ဦးဆောင်သောအဖွဲ့က ပြိုင်ပွဲဝင်အသင်းများ၏
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးကာ
ပြိုင်ပွဲဝင်အသင်းများက အားကြိုးမာန်တက်ယှဉ်ပြိုင်၍ ဝန်ထမ်းများကလည်း
ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာအားပေးကြသည်။
ထို့နောက်
ထမနဲထိုးပြိုင်ပွဲ၌ ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိသူများက ဆုများ
ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment