မောင်လင်းသက်အောင်(ဗဟန်းမြို့နယ်)
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ယနေ့ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ဗဟန်း၊ ဒေါပုံနှင့် ပုဇွန်တောင်မြို့နယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် တာဝန်ရှိသူများ၏ ဆောင်ရွက်ထားရှိမှုများကို သတင်းအဖွဲ့က ကောက်နုတ်ဖော်ပြလိုက်ရပါသည်-
မောင်စည်သူထွန်း (ဗဟန်းမြို့နယ်)
ကျွန်တော်က ပထမဆုံးအကြိမ်မဲပေးရတဲ့အတွက် စိတ်လှုပ်ရှားပြီး ပျော်ပါတယ်။ အဖေနဲ့အဒေါ်တွေနဲ့အတူ လာရောက်မဲပေးတာပါ။ မဲရုံထဲစဝင်တာနဲ့ မဲစာရင်းနံပါတ်ရယ်၊ မှတ်ပုံတင်ရယ်ပြပြီး လက်မှတ်ထိုးရတယ်။ ပြီးတဲ့အခါ မိမိကြိုက်တဲ့ ကိုယ်စားလှယ်ကို ခလုတ်နှိပ်ရွေးချယ်ရတယ်။ ရွေးကောက်ပွဲပြီးသွားရင် ကုန်ဈေးနှုန်းတွေလျော့ကျဖို့ ပြည်သူတစ်ဦးအနေနဲ့ မျှော်လင့်ပါတယ်။
မအေးအေးငြိမ်း (ဒေါပုံမြို့နယ်)
ပထမဆုံး မဲပေးရတာဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ လွှတ်တော်နေရာ သုံးနေရာမှာ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးရတာဖြစ်တဲ့အတွက် စိတ်ထဲပျော်ရွှင်ပြီး နိုင်ငံသားတစ်ဦးရဲ့ မဲတစ်ပြားဟာ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အရေးပါသလို ကျွန်မတို့လိုလူငယ်တွေအတွက်လည်း တန်ဖိုးကြီးမားတဲ့ မဲတစ်ခုဖြစ်တယ်ဆိုတာ မဲထည့်နေရင်း စဉ်းစားမိပါတယ်။ ဒါကြောင့် နိုင်ငံနဲ့ပြည်သူပြီးတော့ ကျွန်မတို့အမျိုးသမီးတွေရဲ့ အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်မယ့် အစိုးရတစ်ရပ်ကို လိုလားတာကြောင့် နိုင်ငံအတွက်အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ထားတဲ့ပါတီကို ကျေကျေနပ်နပ်ကြီး မဲပေးခဲ့တာပါ။ အထူးသဖြင့် လူငယ်အမျိုးသမီးတွေရဲ့ အနာဂတ်ကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
မယွန်းနဒီမျိုးအောင်
(ပုဇွန်တောင်မြို့နယ်)
ကျွန်မအနေနဲ့ ပထမဆုံးမဲပေးရတာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားရပေမယ့် ကိုယ်ကြိုက်တဲ့ပါတီကို မမှားအောင်မဲပေးခဲ့ပါတယ်။ နိုင်ငံကို ပိုပြီးတိုးတက်ဖွံ့ဖြိုးစေချင်တယ်။ အာဆီယံနိုင်ငံတွေကြားမှာ ရင်ပေါင်တန်းပြီး ထင်ပေါ်တဲ့နိုင်ငံအဖြစ် မြင်ချင်တယ်။ အားကစားဖြစ်စေ၊ နည်းပညာဖြစ်စေ တိုးတက်စေချင်တယ်။ သမီးတို့ လူငယ်တွေအနေနဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်သွားဖို့က အသင့်ရှိနေပြီးသားပါ။ လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးပြီး နိုင်ငံခြားသွားတဲ့ အခါမှာလည်းလွယ်ကူချောမွေ့ စေချင်ပါတယ်။ ကျောင်းမပြီးသေး တဲ့လူငယ်အတွက် ပညာရေးအခွင့်အလမ်းတွေ အခုထက် ပိုပြီးတိုးတက်စေလိုပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို ကျေပွန်သွားတဲ့အတွက် ရင်ထဲပေါ့သွားပါပြီ။ မဲယူဆောင်သွားတဲ့ ကိုယ်စားလှယ်လောင်းရဲ့တာဝန်ပဲကျန်ပါတော့တယ်။ သမီးတို့ လူငယ်တွေ စောင့်ကြည့်နေပါတယ်။
မလှလွန်းခိုင်(ဗဟန်းမြို့နယ်)
ကျွန်မကတော့ အခုအကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်မဲပေးခြင်း ဖြစ်ပါတယ်။ မဲရုံထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ မိမိရဲ့မဲစာရင်း နံပါတ်ကိုပြောပြီး မှတ်ပုံတင်နဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ဆန္ဒမဲ ပေးမယ့်နေရာကိုသွားပြီး မိမိရွေးချယ်ချင်တဲ့ ကိုယ်စားလှယ် လောင်းရဲ့နေရာမှာ စက်ခလုတ်နှိပ်ပြီး ရွေးချယ်ရပါတယ်။ အခုမဲပေးခြင်းက ရိုးရှင်းပါတယ်။ အခုလိုမဲပေးရတဲ့အတွက် ကျေနပ်ပါတယ်။ အကောင်းဆုံး ပြောင်းလဲပါစေလို့ မျှော်လင့်ပါတယ်။
ကိုအောင်မိုး(ဒေါပုံမြို့နယ်)
နိုင်ငံသား တစ်ဦးအနေနဲ့မဲပေးနိုင်ဖို့ မနက်စောစောကတည်းက လာရောက်စောင့်ဆိုင်းခဲ့တာပါ။ ပြည်သူတစ်ဦးအနေနဲ့ မဲပေးရမယ့် တာဝန်လည်းရှိပါတယ်။ စက်နဲ့မဲပေးရတာ အဆင်ပြေပါတယ်။ ကျွန်တော်တို့ မဲပေးလိုက်တဲ့ပါတီဟာ လူငယ်တွေရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံတကာမှာ ရင်ပေါင်တန်းနိုင်ပြီး တိုင်းပြည်ရဲ့အနာဂတ်ကို လက်ဆင့်ကမ်းအမွေပေးနိုင်မယ့် ပါတီတစ်ခုဖြစ်တယ်လို့ ယုံကြည်တဲ့အတွက်အားပါးတရ မဲပေးခဲ့ပါတယ်။
မစန်းမြင့်မိုရ်(ဗဟန်းမြို့နယ်)
အခုက မဲပေးစက်က မီးစိမ်းလာတာနဲ့ ကိုယ်ပေးချင်တဲ့လူကို မဲပေးရတာမို့ လွယ်ကူအဆင်ပြေပါတယ်။ ရွေးကောက်ပွဲပြီးတဲ့အခါ အဓိကကတော့ နိုင်ငံတော်ကို အစစအရာရာ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။
မသန်းသန်းဌေး(ဒေါပုံမြို့နယ်)
နိုင်ငံသား တစ်ဦးအနေနဲ့ အခွင့်အရေးမဆုံးရှုံးအောင်နဲ့ နိုင်ငံကြီးပွားတိုးတက်ဖို့ စွမ်းဆောင်နိုင်မယ့်ပါတီကို လာရောက်မဲပေးတာပါ။ ဒီတစ်ကြိမ်မဲပေးရတာ ပိုပြီးအဆင်ပြေတယ်။ မိမိနှစ် သက်တဲ့ပါတီကို မြန်မြန်ဆန်ဆန် စက်ခလုတ်နှိပ်ပြီးမဲပေးရတာ ဖြစ်တဲ့အတွက် ပိုပြီးမြန်ဆန်တယ်။ ကျွန်မတို့အမျိုးသမီးတွေ ရပိုင်ခွင့်ရှိတဲ့ အရာတွေကို စွမ်းဆောင်ပေးနိုင်မယ့် ပါတီကို ရွေးချယ်ပြီး မဲပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ခံစားနေရတဲ့ ကုန်ဈေးနှုန်းကို လျှော့ချဆောင်ရွက်ပေးနိုင်ဖို့အတော်လေး မျှော်လင့်ထားပါတယ်။ ကျွန်မလိုပဲ အခြားသော အိမ်ရှင်မများလည်း ထပ်တူကျလိမ့်မယ်လို့ထင်ပါတယ်။
မောင်လင်းသက်အောင်
(ဗဟန်းမြို့နယ်)
ပထမဆုံးအနေနဲ့ မဲပေးတာပါ။ တန်းစီပြီး မဲရုံထဲစဝင်တဲ့အခါ မဲစာရင်းနံပါတ်ပြ၊ မှတ်ပုံတင်ပြ လက်မှတ်ထိုးပြီး စက်နဲ့မဲထည့်ရတယ်။ လွယ်ကူအဆင်ပြေပါတယ်။ ရွေးကောက်ပွဲကနေ နိုင်ငံကောင်းဖို့အတွက် ရလဒ်ကောင်းတွေ ဖြစ်စေချင်ပါတယ်။
ဒေါ်မြင့်မြင့်နိုင် (ပုဇွန်တောင်မြို့နယ်)
ကျွန်မတို့ မဲပေးခွင့်ရတာ ဝမ်းသာမိပါတယ်။ နိုင်ငံအကျိုးနဲ့ အိမ်ရှင်မတွေရဲ့ဘဝကို စာနာ နားလည်ပြီး အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ မီးဖိုချောင်သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးနိုင်မယ့် ပါတီကို မဲပေးခဲ့ပါတယ်။ လူမျိုးဘာသာမခွဲခြားဘဲ အခွင့်အရေးတန်းတူပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ပါတီကို စက်ခလုတ် နှိပ်ခဲ့တာပါ။ မြန်မာပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံး အေးအတူပူအမျှ မျှဝေခံစားနေထိုင်ကြတဲ့ဘဝကို မျှော်လင့်တဲ့အတွက် ယုံကြည်စွာဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်း ကိုပဲ မဲပေးခဲ့တာပါ။
ဒေါ်သီတာမျိုး (ဗဟန်းမြို့နယ်)
နံနက်အစောပိုင်းမှာ ဆန္ဒမဲလာရောက်ပေးတဲ့အတွက် အားလုံးအဆင်ပြေပါတယ်။ အရင်တုန်းကဘောပင်၊ စာရွက်ကိုင်ပြီး ဆန္ဒမဲပေးရတယ်။ အခုကကိုယ်ရွေးချယ်ချင်တဲ့ ကိုယ်စားလှယ်ကို ခလုတ်နှိပ်လိုက်ရုံနဲ့ ရွေးချယ်ပြီးသား ဖြစ်သွားတဲ့အတွက် အဆင်ပြေတယ်။ ဒါကပိုပြီးလွယ်ကူပါတယ်။
ဒေါ်သင်းသင်းမော်
(အလက(၂) ဗဟန်းမဲရုံမှူး)
အခုမဲရုံမှာ မဲပေးနိုင်သူဦးရေ ၁၃၅၆ ဦး ရှိပါတယ်။ မဲရုံစတင် ဖွင့်လှစ်ချိန်မှာ လူဦးရေနည်းနေပေမယ့် အခု နံနက် ၆ နာရီနဲ့ ၇ နာရီကြားမှာ ဆန္ဒမဲပေးသူတွေ တဖွဲဖွဲနဲ့ရောက်ရှိလာတာ တွေ့ရပါတယ်။ မဲရုံပိတ်သိမ်းချိန် ၄ နာရီ သတ်မှတ်ထားပေမယ့် မဲရုံပရဝဏ်အတွင်း ရောက်ရှိနေသူတွေအနေနဲ့ ဆန္ဒမဲပေးနိုင်ပါတယ်။ ကျန်းမာရေး၊ လုံခြုံရေးကအစ ဆန္ဒမဲလာရောက်ပေးတဲ့သူတွေ အဆင်ပြေ စေဖို့ ဆောင်ရွက်ထားရှိပါတယ်။
ဒေါ်အိအိမွန် (အမှတ်(၂)မဲရုံမှူး၊ မြို့သစ်ရပ်ကွက်၊ ဒေါပုံမြို့နယ်)
ကျွန်မက မြို့သစ်ရပ်ကွက်ဒေါပုံမြို့နယ် အမှတ်(၂)မဲရုံရဲ့ မဲရုံမှူးပါ။ အခုမဲရုံမှာ ၁၂၆၉ ဦး ဆန္ဒမဲပေးသွားမှာဖြစ်ပြီး မနက် ၅ နာရီကတည်းက မဲပေးမယ့် ပြည်သူတွေ စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။ အများပြည်သူ ဆန္ဒမဲပေးရာမှာ မြန်ဆန်လွယ်ကူစွာ အဆင်ပြေချောမွေ့အောင် တာဝန်ရှိသူတွေက စီစဉ်ဆောင် ရွက်ပေးထားပါတယ်။ မဲရုံမှာ ပြည်သူ့လွှတ်တော်အတွက် ပါတီခြောက်ခု၊ အမျိုးသားလွှတ်တော်အတွက် ပါတီရှစ်ခု၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ပါတီငါးခုနဲ့ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများအတွက် သက်ဆိုင်ရာ တိုင်းရင်းသားတွေက ဆန္ဒမဲပေးကြပြီး မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဆန္ဒမဲပေးနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။
ဒေါ်စန္ဒာဌေး
(အမှတ်(၁)မဲရုံမှူး၊ (၁၀)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်)
အများပြည်သူ သက်သောင့်သက်သာနဲ့ မဲပေးနိုင်အောင် အားလုံးပြင်ဆင် ဆောင်ရွက်ထားပြီး မဲစာရင်းစစ်တဲ့အခါမှာလည်း ရှင်းလင်းလွယ်ကူအောင် နှစ်ဆိုင်းခွဲပြီး ဆောင်ရွက်ပေးထားပါတယ်။ မဲပေးစက်တွေ ကောင်းမွန်တာကြောင့် အများပြည်သူ မဲပေးရာမှာ အဆင်ပြေကြပါတယ်။ ကျွန်မတို့မဲရုံကို ဖိလစ်ပိုင်သံရုံးက လာရောက်ကြည့်ရှုလေ့လာပြီး မှတ်တမ်းတင်ပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ ပုဇွန်တောင်မြို့နယ် မဲရုံအမှတ်(၁)မှာ မဲပေးပြည်သူ ၁၁၄၇ ဦး ရှိပါ တယ်။ မနက်ပိုင်းကစပြီး တဖွဲဖွဲလာပြီး မဲပေးနေကြ ပါတယ်။
ဦးသိန်းထွန်းဦး
( ပုဇွန်တောင်(၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး)
ဒီနေ့ အများပြည်သူမဲပေးရာမှာ အဆင်ပြေချောမွေ့အောင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေးနိုင်အောင် ဆောင်ရွက်ထားတဲ့အတွက် အားလုံးလာပြီး မဲပေး နေတာကို တွေ့ရမှာပါ။ လုံခြုံရေးပိုင်းဆိုင်ရာ အပြည့်အဝရှိတဲ့အတွက် ဆန္ဒမဲပေးတဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာ မဲပေးကြပါတယ်။ အသက် ၁၈ နှစ်ကစပြီး အသက် ၇၀ ကျော်အထိ လာရောက် မဲပေးနေကြတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အားကိုးတကြီးရှိနေ တယ်ဆိုတာမြင်ရမှာပါ။ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာမယ်လို့ အားလုံးမျှော်လင့်ထား ကြပါတယ်။
အင်တာဗျူး - ငြိမ်းသူ၊ ကျော်ကြီး
ဓာတ်ပုံ - ဇွဲမာန်၊ သီဟ
%E1%80%99%E1%80%A1%E1%80%B1%E1%80%B8%E1%80%A1%E1%80%B1%E1%80%B8%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%20(%20%E1%80%99%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%81%81%E1%81%8A%20%E1%80%92%E1%80%B1%E1%80%AB%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA).jpg)
%E1%80%80%E1%80%AD%E1%80%AF%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%20(%E1%80%99%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%81%81%20%E1%81%8A%20%E1%80%92%E1%80%B1%E1%80%AB%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA).jpg)
%E1%80%99%E1%80%9A%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%92%E1%80%AE%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%20(%20%E1%80%99%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%20-%20%E1%81%81%E1%81%8A%20%E1%80%95%E1%80%AF%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA).jpg)
%E1%80%99%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%8C%E1%80%B1%E1%80%B8%20(%E1%80%99%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%81%81%20%E1%81%8A%20%E1%80%92%E1%80%B1%E1%80%AB%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA)_1.jpg)
%E2%80%8C%E1%80%92%E1%80%B1%E1%80%AB%E1%80%BA%E1%80%A1%E1%80%AD%E1%80%A1%E1%80%AD%E1%80%99%E1%80%BD%E1%80%94%E1%80%BA%20(%20%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA(%E1%81%82)%20%E1%80%99%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%20-%20%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%9E%E1%80%85%E1%80%BA%E1%80%9B%E1%80%95%E1%80%BA%E1%80%80%E1%80%BD%E1%80%80%E1%80%BA%E1%81%8A%20%E1%80%92%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA).jpg)
%E1%80%92%E1%80%B1%E1%80%AB%E1%80%BA%E1%80%85%E1%80%94%E1%80%B9%E1%80%92%E1%80%AC%E1%80%8C%E1%80%B1%E1%80%B8%20(%20%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA(%E1%81%81)%E1%80%99%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%20-(%E1%81%81%E1%81%80)%E1%80%9B%E1%80%95%E1%80%BA%E1%80%80%E1%80%BD%E1%80%80%E1%80%BA%E1%81%8A%20%E1%80%95%E1%80%AF%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA).jpg)
%E1%80%92%E1%80%B1%E1%80%AB%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%20(%E1%80%99%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%20-%20%E1%81%81%E1%81%8A%20%E1%80%95%E1%80%AF%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA).jpg)
%E1%80%A6%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8%20(%20%E1%80%95%E1%80%AF%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%81%8A(%E1%81%81%E1%81%80)%E1%80%9B%E1%80%95%E1%80%BA%E1%80%80%E1%80%BD%E1%80%80%E1%80%BA%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%81%8B.jpg)






No comments:
Post a Comment