နေပြည်တော် ဇန်နဝါရီ ၁၁
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားတက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်အဖွဲ့များနှင့် အုပ်ချုပ်သူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ဆက်လက်ရောက်ရှိကြရာ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက တည်းခိုရာစုရပ်၌ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်၊၊
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လူငယ်အဖွဲ့များအား လူငယ်ငြိမ်းချမ်းရေးဖိုရမ်အစီအစဉ်များ၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တည်းခိုနေထိုင်စားသောက်ရေးအဆင်ပြေစေရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment