နေပြည်တော် ဇန်နဝါရီ ၂၆
ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင် ရွက်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နည်း ပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၊ အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)တို့အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တို့သည့်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်း ဆိုင်ရာအစီအစဉ်ကို လက်မှတ်ရေးထိုးကြပြီး နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကြသည်။
ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက မြန်မာသံရုံး၌ မြန်မာသံရုံးနှင့် စစ်သံရုံး မှ မိသားစုများနှင့်တွေ့ဆုံပြီး သံတမန်များနှင့် မိသားစုဝင်များသည် နိုင်ငံကို ကိုယ်စားပြုသူများဖြစ်ကြသဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်သွားကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment