လေးစားအပ်ပါသော အပြည်ပြည်ဆိုင်ရာတရားရုံးဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ဒုတိယဥက္ကဋ္ဌကြီးနှင့် တရားသူကြီးမင်းများ ခင်ဗျား၊ ယခုလို တရားရုံး၏ ရှေ့မှောက်သို့ ပြန်လည်လာရောက်၍ မြန်မာနိုင်ငံ၏ အဆိုပြုချက်တင်သွင်းခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အဆိုပြုချက်မတင်သွင်းမီ စကားအနည်းငယ်ပြောကြားလိုပါကြောင်း၊
၂။ ယခုရက်သတ္တပတ် ၃ ပတ်အကြာ ပြုလုပ်သည့်
ကြားနာပွဲပြီးဆုံးမှုနှင့်အတူ တရားရင်ဆိုင်မှုတွင် ပါဝင်သူအားလုံးလည်း
ပင်ပန်းသွားကြပြီဖြစ်ကြောင်း၊ တရားရုံးတွင်လည်း ယခုကဲ့သို့ ရှည်လျားသည့်
ကြားနာပွဲမရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကြားနာပွဲတွင်
နှစ်ဘက်လျှောက်လဲချက်များကို တရားသူကြီးများက အလေးထားပြီး ဆင်ခြင်သုံးသပ်ပေးမည်
ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်သည် တရားရုံးအတွက်
အလုပ်များနေချိန်ဖြစ်နေကြောင်း၊ ယင်းကြားမှ အချိန်ပေးပြီး အထူးတလည်ဆောင်ရွက်ပေးသည့်အတွက်လည်း
ကျေးဇူးတင်ရှိပါကြောင်း၊
၃။ သို့သော် အမှုအတွက် အချိန်ပေးရန်နှင့်
အာရုံစိုက်ပေးရန်အရေးကြီးပါကြောင်း၊ ထူးခြားသည့် အမှုလည်းဖြစ်ကြောင်း၊ အထူးသဖြင့်
မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် အလွန်အရေးကြီးပါကြောင်း၊ ဤအမှုကို ပြည်တွင်း၌
မျက်ခြည်မပြတ် စောင့်ကြည့်နေကြကြောင်း၊ ယခု ရက်သတ္တပတ် (၃) ပတ်အတွင်း
ပြည်တွင်း၊ပြည်ပ၌ အလေးပေးစောင့်ကြည့်နေသူများအနေဖြင့်အမှု၏ ရှုပ်ထွေးနက်နဲမှုကို
သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ကြီးလေးသည့်
စွပ်စွဲချက်ကို ကာကွယ်ရသည့် အနေအထားကိုတော့ အနည်းဆုံးသိရှိခွင့်ရရှိကြမှာဖြစ်ကြောင်း၊
နိုင်ငံနှင့် ပြည်သူများအပြင် နောင်လာမည့် မျိုးဆက်သစ်များအတွက် အရေးပါသည့်
အကျိုးစီးပွားအလို့ငှာ အမှုရင်ဆိုင်ရပုံနှင့် အဆင့်အတန်းရှိသည့် သက်သေများတင်သွင်းရပုံကို
သိရှိနိုင်မည်ဖြစ်ကြောင်း၊
၄။ ယမန်နေ့က ဂမ်ဘီယာမှ တင်သွင်းသည့် သက်သေသုံးဦးက အမှုအတွက်
သက်သေထူနိုင်ခြင်း မရှိကြောင်းကို မြန်မာရှေ့နေက လျှောက်လဲခဲ့ကြောင်း၊
ကြားနာပွဲကာလအတွင်း မြန်မာက ယင်းကဲ့သို့ မေးခွန်းများထုတ်ခဲ့ကြောင်း၊ မြန်မာက
လူမျိုးသုဉ်းစေမှုဆိုင်ရာ သဘောတူစာချုပ်၏ အဓိပ္ပါယ်ဖွင့်ဆိုမှုကို
မေးခွန်းထုတ်ခဲ့ကြောင်း၊ တစ်ဘက်က တင်သွင်းသည့် အချက်အလက်များ၏ ခိုင်မာမှုအပေါ်
မေးခွန်းထုတ်ခဲ့ကြောင်း၊ ယင်းသို့ မေးခွန်းထုတ်ရခြင်းမှာ မြန်မာနိုင်ငံ၏
ဖြစ်စဉ်အမှန်ကို သိရှိစေလို၍ ဖြစ်ကြောင်း၊ ယင်းသို့ မေးခွန်းထုတ် ထုတ်ရခြင်းမှာ
မြန်မာနိုင်ငံ၏ ဖြစ်စဉ်အမှန်ကို သိရှိစေလို၍ ဖြစ်ကြောင်း၊ ယင်းသို့ မေးခွန်းထုတ်ရခြင်းမှာ
တရားရုံးအနေဖြင့် သမာသမတ်ကျစွာ အမှန်အတိုင်းတရားစီရင်မည်ကို ယုံကြည်၍ ဖြစ်ကြောင်း၊
၅။ နိဂုံးချုပ်အနေဖြင့် တရားရုံးမော်ကွန်းထိန်းနှင့်
မော်ကွန်းထိန်းဌာနတွင် တာဝန်ထမ်းဆောင်နေသူအားလုံး၊ စကားပြန်များ၊
လုံခြုံရေးအဖွဲ့များအပြင် ကြားနာပွဲအဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ရေးအတွက်
အလေးပေးဆောင်ရွက်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ၏
လျှောက်လဲချက်များကို အလေးအနက်ထားနားထောင်ပေးခဲ့သည့် တရားရုံး၏ ဥက္ကဋ္ဌနှင့်
ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်တရားသူကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊
၆။ ယခုမိမိအနေဖြင့် တရားရုံး၏ စည်းမျဉ်းဥပဒေ ပုဒ်မ ၆၀၊
အပိုဒ် ၂ အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကိုယ်စား အောက်ဖော်ပြပါအဆိုလွှာအတိုင်း
စီရင်ဆုံးဖြတ်ကြေညာပေးနိုင်ပါရန် အပြည်ပြည်ဆိုင်ရာတရားရုံးအား လျှောက်တင်အပ်ပါသည်
-
(က) လူမျိုးသုဉ်းစေမှုတားဆီးရေးနှင့်
ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာသမ္မတနိုင်ငံက
တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့်
အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန်၊
(ခ) တရားရုံးက ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃
ရက်တွင် ချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာသမ္မတနိုင်ငံက
တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့်
အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန်နှင့်
(ဂ) ဂမ်ဘီယာက အဆိုပြုသည့် နစ်နာကြေးပေးရန်အပြင်
အခြားအဆိုပြုချက်အားလုံးမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ
ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန်။
No comments:
Post a Comment