နေပြည်တော် ဇန်နဝါရီ ၂၇
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဦးစီးဌာနဖွဲ့စည်းတည်ထောင်ခြင်း (၂၂) ပြည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
အငြိမ်းစား သုတေသီပညာရှင်များ နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာ သုတေသနဗဟိုဌာနများ၊ စိုက်ပျိုးရေးသုတေသနခြံများ၊
သုတေသနစခန်းများမှ သုတေသီပညာရှင်များ၊ ဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ဆန်းသစ်တီထွင်နေမှုကို
အမြဲကြိုးစား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးသုတေသနလုပ်ငန်းကို ၁၉၅၄ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး
ဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်းမှာ (၂၂) ပြည့် မြောက်ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏
လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက
မူဝါဒများပြင်ဆင်ချမှတ်ခြင်း၊ ပြုပြင်ပြောင်းလဲ ခြင်းများကို ခေတ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ
ရာတွင် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများသည် အခြေခံအရေးပါသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊
မိမိတို့၏သုတေသနလုပ်ငန်းများကို နိုင်ငံတော်မှ ချမှတ်ထားသည့် မျှော်မှန်းချက်များနှင့်အညီဖြစ်အောင်
ဆောင်ရွက်ကြစေလိုကြောင်း၊ သုတေသနများ ဆန်းသစ်တီထွင်နေမှုကို အမြဲကြိုးစားသွားကြရန်
အလေးအနက် မှာကြားလိုကြောင်း။
အလေးထားဆောင်ရွက်ပေးလျက်ရှိ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏
ဖွဲ့စည်းပုံနှင့်အညီ လိုအပ်သည့်ပညာရှင်အင်အား၊ သက်ဆိုင်ရာ ရာထူးတာဝန်အဆင့်ဆင့်အလိုက်
ဖြည့်ဆည်းခန့်ထားပေးနိုင်ရန်နှင့် လိုအပ်ချက်များကို ဝန်ကြီးဌာနက အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
သုတေသီပညာရှင်များအနေဖြင့်လည်း ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့်
မျိုးနှင့်နည်းပညာများ ဖော်ထုတ်ခြင်း၊ ဈေးကွက်နှင့် စားသုံးသူများ၏ လိုအပ်ချက်ကို ဦးစားပေးသည့်
သုတေသနလုပ်ငန်းများ၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများအတွက်
ထိရောက်စွာ ကူညီပေးနိုင်မည့် နည်းပညာများ၊ သုတေသနရလဒ်ကောင်းများအား တိုးတက်ရှာဖွေဖော်ထုတ်ပေးနိုင်ရေး
ဆက်လက်ကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဆောင်ရွက်ချက်များနှင့်
ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
ဒုတိယဝန်ကြီးများက သုတေသနစွမ်းဆောင်ရည် ဂုဏ်ပြု ဆု ၄၃ ဆုကို ပေးအပ်ကြပြီး တာဝန်ရှိသူများက
၂၀၂၆ ခုနှစ်အတွင်း အသက် (၆၂) နှစ်ပြည့် အငြိမ်းစား ယူကြမည့် အရာထမ်း၊ အမှုထမ်းများကို
ဂုဏ်ပြု လက်ဆောင်ပေးအပ်ကြသည်။
ရှာဖွေဖော်ထုတ်နိုင်ခဲ့
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့်
စတင်တည်ထောင်ချိန်မှ ယနေ့အထိ စပါး၊ ပြောင်း၊ ဂျုံ နှင့် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ၊
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ စက်မှုကုန်ကြမ်းသီးနှံများအား မျိုးမွေးမြူခြင်း
သုတေသနမှ စုစုပေါင်း သီးနှံမျိုးပေါင်း သုံးရာကျော် မျိုးမွေးမြူထုတ်လုပ်နိုင်ခဲ့သည့်နည်းတူ
ကောင်းမွန်သည့် စိုက်ပျိုးနည်းစနစ်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေသအလိုက် ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်း၊
အရည်အသွေးကောင်း သီးနှံမျိုးများ မွေးမြူရွေးချယ် ထုတ်လုပ်ခြင်း၊ ဆန်းသစ်သော စိုက်ပျိုးရေးသိပ္ပံနှင့်
နည်းပညာများကို စဉ်ဆက်မပြတ် ဖော်ထုတ်ခြင်းတို့ကို အဓိကထားပြီး လုပ်ငန်းစဉ် (၇) ရပ်ဖြင့်
သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုအနေဖြင့် ယခုနှစ်အတွင်း သီးနှံမျိုးသစ်
၁၂ မျိုး၊ နည်းပညာ ခုနစ်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ နေပန်-လပန် စက်မှုလယ်ယာစနစ်ကျလယ်မြေ၌
နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ နှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်

No comments:
Post a Comment