နေပြည်တော် ဇန်နဝါရီ ၁၂
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉၊ ၁ဝ၊ ၁၁) ရက်များတွင် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ပြီး ဖြစ်ပါသည်။ မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ဒုတိယ နေရာ မှ လက်ရှိသိမ်းဆည်းရမိသော ဓာတုပစ္စည်းများအပေါ် ခန့်မှန်းတွက်ချက်မှုအရ အိုက်စ် ၂၇ တန်ခန့်(တန်ဖိုးငွေကျပ် ၅၄၀ ဘီလီယံ) ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲ ထုတ်လုပ်ပါက စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ စိတ်ကြွ ဆေးပြားများ ဈေးကွက်အတွင်းသို့ ရောက်ရှိသွားပါကငွေကျပ် ၁,၆၂၀ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။ အဆိုပါနေရာမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက် လုပ်ရာ တွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို လေ့လာဖော်ထုတ်သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
အဆိုပါ ဒုတိယနေရာနှင့်
၎င်း၏ အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ တတိယနေရာ တို့တွင် GUAN YIN WANG စာတန်းပါ
ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံ အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့် အိုက်စ် ၃၇.၈၁၅ တန်
အနက် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၁၁.၆၈၆ တန်နှင့်
တရုတ်စာတန်းပါထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၀.၉၆ တန်၊ စုစုပေါင်း ၁၂.၆၄၆
တန် (စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၂၅၂.၉၂ ဘီလီယံ) ဖမ်းဆီး ရမိခဲ့ကြောင်းစိစစ်တွေ့ရှိရသဖြင့်
အဆိုပါနေရာနှစ်ခုမှ ထုတ်လုပ်ဖြန့်ဖြူး ခဲ့သည့် ပမာဏမှာ ၂၀၂၅ ခုနှစ် အတွင်း တစ်နိုင်ငံလုံး၌
ဖမ်းဆီးရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃.၄၄ ရာခိုင်နှုန်းခန့် ရှိကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၆
ခုနှစ် ဇန်နဝါရီလ (၁၀၊ ၁၁) ရက်များတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ
၃ ခုသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ကြောင်း
စိစစ်တွေ့ရှိရမှုအား သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment