Tuesday, December 23, 2025

မြန်မာ - တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲ ပြုလုပ်မည်

 

နေပြည်တော် ဒီဇင်ဘာ ၂၂

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ် ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသား တူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများရွတ်ဆိုပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန် Studio –A ၌ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ တရုတ်နိုင်ငံ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms.Zhengkui ဦးဆောင်သည့် အဖွဲ့ဝင်ခုနစ်ဦးတို့သည် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ အသီးသီးရောက်ရှိကြသည်။

တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲတွင် မြန်မာကဗျာနှစ်ပုဒ်၊ တရုတ်ကဗျာ နှစ်ပုဒ်၊ တရုတ်-မြန်မာနှစ်ဘာသာဖြင့် ရေးစပ်ထားသည့် ရွတ်ဆိုမည့် ဂန္ထဝင်ကဗျာတစ်ပုဒ်တို့ ပါဝင်မည်ဖြစ်ပြီး ကဗျာရွတ်ဆိုပွဲမှတစ်ဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်နိုင်မည်ဖြစ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင် သံကြားဌာန(GXRTV) တို့သည် ၂၀၁၇ ခုနှစ်မှ စတင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ်ရုပ်သံစီးရီးနှင့် တရုတ်ကာတွန်းကားများအား မြန်မာဘာသာ ပြန်ဆိုပြသလျက်ရှိသကဲ့သို့ နှစ်ဖက်ပူးပေါင်းထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ (GXRTV)မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်လည်း မုတ္တမပင်လယ်ကွေ့တွင် ကျက်စားသည့် ငှက်မျိုးရင်း လေ့လာရေးအစီအစဉ်အား ပူးတွဲရိုက်ကူး ထုတ်လုပ်သွားမည်ဖြစ်ရာ အဆိုပါရုပ်သံမှတ်တမ်း အစီအစဉ်နှစ်ခုအား နှစ်ဖက်ရုပ်သံများတွင် ထုတ်လွှင့်ပြသရေး သဘောတူညီချက် မူဘောင်ကိုလည်း လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။

ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန(GXRTV)မှ ရိုက်ကူးရေးအဖွဲ့ဝင် ကိုးဦးတို့သည် “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နောက်ဆုံးအောင်မြင်မှုအခြေအနေများ မှတ်တမ်းရုပ်သံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်မှ ၂၁ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးရေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။     

သတင်းစဉ်

No comments:

Post a Comment