ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၉/၂ဝ၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း
(၈/၂၀၂၅)၏
အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့
တာဝန်ရှိသူတစ်ဦးက ဖတ်ကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး
အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအကြီးများအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေးများကို ပေါ့လျော့မှုမရှိစေရေးအတွက် လက်အောက်ဌာနများကို
အထူးဂရုပြုကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်
သတင်းများရှိလာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန် လိုအပ်ကြောင်းစသည်တို့ကို ပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး
ဦးခင်မောင်ဆန်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့်
ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊
ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု
အခြေအနေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ မီးသတ်ဦးစီးမှူးရုံး၊ ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်
လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်
တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့်
ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment