မန္တလေး စက်တင်ဘာ ၄
မန္တလေး တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစား ခွင့်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အလုပ်ဌာန ၇၄၃၀၊ အာမခံ အလုပ်သမား ၁၂၁၁၃၀ အား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀
ထောက်ပံ့ငွေပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၃၄၇ ဒသမ ၄၆၃ သန်းနှင့် ပညာသင်စရိတ်အတွက် ငွေကျပ် ၂၁၄ ဒသမ ၇၀၇သန်းကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံ လွှဲပြောင်းပေးအပ်ပြီး မန္တလေးငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခဲ့သူ အာမခံလုပ်သား ၁၀ ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်များကို ကျန်ရစ်သူမိသားစုများနှင့် တာဝန်ရှိသူများထံ ပေးအပ်သည်။
အခမ်းအနား အပြီးတွင် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (မန္တလေး) အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော အာမခံအလုပ် သမားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ကြီးတံခွန် မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment