Monday, July 21, 2025

မင်းလှမြို့နယ်တွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ် ဖွင့်လှစ်

မင်းလှ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထောက်ကြံကွင်းကျေးရွာအုပ်စု၊ ဦးတိုကျေးရွာတွင် ဦးတို‌ အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ထူးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချိုက တိုးချဲ့ကျောင်းဆောင်သစ်ဆောက်လုပ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းအုပ်ဆရာကြီးဦးတင့်လွင်က ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူး၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချို၊ ကျောင်းအုပ် ဆရာ ကြီးဦးတင့်လွင်တို့က ဦးတို‌အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ အမွေးနံသာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ကြသည်။

အဆိုပါ ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (အထွေထွေပိုလျံ)ရန်ပုံငွေမှ ကျပ်(၁၅၂.၆၅၀)သန်းဖြင့်(၆၀"×၃၀") RCC(၁)ထပ်ဆောင်သစ်အား ဓူဝံလင်းလက်ကုမ္မဏီမှ တာဝန်ယူတည် ဆောက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)

No comments:

Post a Comment