နေပြည်တော် ဇွန် ၁၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှု ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) နှင့် ရေကူးကန်ရေပိုက်လိုင်းများနှင့် မီးလိုင်းများ၏ ထိခိုက်ပျက်စီးခဲ့မှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၏ မြေညီထပ်၊
ပထမထပ်နှင့် အထူးတန်း ပွဲကြည့်စင်များ၏ Column တိုင်နှင့် Ground Beam & Tie
Beam ပျက်စီးခဲ့မှုများအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ယာယီထောက်မမှု လုပ်ငန်း
(temporary supporting work) ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ Wall ၊ Column ၊
Beam များအား Plaster ခွာခြင်း၊ အုတ်နံရံဖြိုဖျက်ခြင်းနှင့် မျက်နှာကြက်များ ဖျက်သိမ်းခြင်း
လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မှန်အကာနံရံများ၊ ပြတင်း၊ တံခါးများ၊
Light Partition များနှင့် Tempered Glass Curtain Wall များ ဖြုတ်သိမ်းခြင်းလုပ်ငန်း၊
ကြမ်းခင်း Topping နှင့် ကြွေပြားများ ခွာထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း
ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများကို သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်စေရန်၊ ရေရှည်တည်တံ့စေရန်နှင့်
သတ်မှတ်အရည်အသွေး ပြည့်မီပြီး အမြန်ဆုံးပြီးစီးစေရေးအတွက် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု
ဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ထပ်မံထိခိုက်ပျက်စီးခဲ့သည့်
ရုံအတွင်းဘက် ပွဲကြည့်စင်ဘေးပတ်လည် နံရံအက်ကွဲပျက်စီး နေမှုများနှင့် ရုံအပြင်ဘက် ယာဉ်ပတ်လမ်းများတွင်
မြေကျွံပျက်စီးနေမှုများကိုလည်းကောင်း၊ ဝဏ္ဏ သိဒ္ဓိရေကူးကန် ပွဲကြည့်စင်အပေါ် ဘက်နံရံများ၊
ရေကန်သို့ ရေတင်ခြင်းနှင့် ရေစုပ်ယူသည့် ပိုက်လိုင်း များ၊ မီးလိုင်းများ၊ ကလိုရင်းကန်နှင့်
ပိုက်လိုင်းများ ပျက်စီးနေမှုများကိုလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ပျက်စီးသည့်နေရာများကို
တိတိကျကျသိရှိနိုင်ပြီး အမြန်ဆုံး ပြုပြင်နိုင်ရန် အတွက် မီးလိုင်း၊ ရေလိုင်းများရရှိစေရေး
ဦးစားပေးစစ်ဆေးဆောင်ရွက်သွားရန်နှင့် ရေကူးကန်အား အမြန်ဆုံး ပြန်လည်အသုံးပြု နိုင်ရန်အတွက်
လိုအပ်သည်များကို စနစ်တကျတွက်ချက်၍ တင်ပြ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment