နေပြည်တော် ဇွန် ၁၉
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီဥက္ကဋ္ဌ
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗဟိုကော်မတီ
အဖွဲ့ဝင်များ၊ နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပုဂ္ဂလိကလုံခြုံရေး
ဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်
တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး
ထွန်းထွန်းနောင်က ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ
၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄/ ၂၀၂၅) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၅၅ ပုဒ်မခွဲ (ခ) အရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်
လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြား ချက်ကို ၁၈-၆-၂၀၂၅ ရက်တွင် ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာ အမှတ်(၁၆/၂၀၂၅)ဖြင့်
အတည်ပြုထုတ်ပြန်ပြီးဖြစ်ပါကြောင်း။
ပုဂ္ဂလိကလုံခြုံရေး
ဝန်ဆောင်မှု ဆိုင်ရာဥပဒေတွင် အခန်း (၁) မှ (၁၃) ထိပါဝင်ပြီး ဥပဒေပုဒ်မ ၁ မှ ပုဒ်မ ၅၅
ထိ ပြဋ္ဌာန်းထားပါကြောင်း၊ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်လိုသည့်
ကုမ္ပဏီနှင့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊
လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ၊ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း၏ တာဝန်နှင့်
လုပ်ပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ ပြည့်စုံစွာ သိရှိလိုက်နာဆောင်ရွက်ရန်
ဖော်ပြထားသည့်အပြင် ဗဟိုကော်မတီက ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်
(၁၆/ ၂၀၂၅) ဖြင့် ထုတ်ပြန်ထားသော လိုင်စင်နှင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာ
ညွှန်ကြား ချက် လျှောက်လွှာပုံစံများနှင့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် ၁ မှ
၅၉ ထိ ပြည့်စုံစွာ ဖော်ပြထားပါကြောင်း။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် ပုဂ္ဂလိကလုံခြုံရေး
ဝန်ဆောင်မှုလိုင်စင်ကို ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသ
ကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ
လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းနှင့် လုပ်ငန်းခွဲများတွင် လုံခြုံရေး
ဝန်ထမ်း ၁၀ ဦးအထက် ခန့်ထားလိုသည့် လုပ်ငန်းရှင်များသည် ခွင့်ပြုမိန့်ကို သက်ဆိုင်ရာ
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့
လျှောက်ထားရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုနယ်မြေ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီက
လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်၍ ညီညွတ်မှုရှိသည့်
လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရ မည်ဖြစ်ပြီး ဗဟိုကော်မတီ၏
အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြီးကြပ်ကွပ်ကဲရေး ကော်မတီ များက လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို
လျှောက်ထားသူထံ ထုတ်ပေးရမည်ဖြစ်ပါကြောင်း။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု
လုပ်ငန်းများကို ဆောင်ရွက်မည့် ကုမ္ပဏီများအား နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်
အများပြည်သူတို့၏ အေးချမ်းသာယာရေးကို အထောက်အကူပြု စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ
ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုများဖြစ်လာစေရန်အတွက်
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး အဖွဲ့များက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ
ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာ
ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက
ဖြည့်စွက် ရှင်းလင်းမှာကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment