ပဲခူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇွန် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည်
ဒိုက်ဦးမြို့နယ်၊ ရွှေဖြူရတနာ ရာဘာခြံသို့ ရောက်ရှိခဲ့ပြီး
ရာဘာခြံများအတွင်း ရိုဘက်စတာကော်ဖီသီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေးအပ်ပွဲသို့
တက်ရောက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး
စိုက်ပျိုးရေးဦးစီးဌာနမှူးက ရိုဘက်စတာကော်ဖီစိုက်ပျိုးရမည့် နည်းလမ်းပညာများ၊
ဈေးကွက်ဝင်မှုအခြေအနေများနှင့် ပဲခူးမြို့နယ်ရှိ
ရာဘာခြံများတွင် ရိုဘက်စတာကော်ဖီစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရာဘာစိုက်ကုမ္ပဏီများ၊
ရာဘာစိုက်တောင်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ရိုဘက်စတာကော်ဖီပျိုးပင်များ
အခမဲ့ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရွှေဖြူရတနာရာဘာခြံအတွင်း ရိုဘက်စတာကော်ဖီပင်များ
စိုက်ပျိုးပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ လေးအိမ်စုကျေးရွာ၌
မွေးမြူရေးလုပ်ငန်းရှင် ဦးစိုးဝင်းနှင့်
ဦးသောင်းထွန်းမင်းတို့၏ ဒေသနွားကောင်ရေ(၃၅)ကောင် မွေးမြူထားရှိမှုအား
ကြည့်ရှုအားပေးခဲ့ပြီး နေဗီယာမြက်စိုက်ပျိုးရန်နှင့်
မျိုးချောင်းဖြင့် မေထုန်မဲ့သားစပ်နိုင်ရေး
တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ဒိုးတန်းကျေးရွာအုပ်စု၌
မိုးစပါးအား ကြိုတင်ပျိုးထောင်စနစ်ဖြင့်
စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအား
ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်မှသာ မိသားစုဝင်ငွေတိုးတက်လာမှာဖြစ်ကာ စက်မှုလယ်ယာပြောင်းလဲမှသာ
ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိလာနိုင်မှာဖြစ်၍
မိရိုးဖလာစိုက်နည်းစနစ်များနှင့် သက်တမ်းကြာမျိုးများအား
မဖြစ်မနေပြောင်းလဲစိုက်ပျိုးကြရန် လမ်းညွှန်ပြောကြားခဲ့ပြီး
မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ဒိုက်ဦးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်
သရုပ်ပြပွဲအခမ်းအနားအား သွားရောက်၍ ကျောင်းသား/သူများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့်
ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး
စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ
ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ရှမ်းစုကျေးရွာ၌ စိုက်ပျိုးရေးကိရိယာစွန့်ဦးတီထွင်သူ ဦးရွှေကြီး၏ ရိတ်သိမ်းခြွေလှေ့စက်အဟောင်းဖြင့် ရေကြီးရေနက်ကွင်းများတွင်
ထွန်ယက်စက်တီထွင်၍ စမ်းသပ်မောင်းနှင်နေမှုအား
ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းစက်အဟောင်းများအား
ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအပေါ်
အားပေးလျက်ရှိကြောင်း ပြောကြားခဲ့ကာ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိနေသည့်
ခြံစည်းရိုးချိန်းလင့်နှင့် ကွန်ကရစ်တိုင်လုပ်ငန်းအား
ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ အမရစံပြကျေးရွာ၌
မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်လွင်၏ ဥစားဘဲသဘာဝအတိုင်း မွေးမြူထားရှိနေမှုအား
ကြည့်ရှုအားပေးခဲ့ပြီး သဘာဝဘဲမွေးမြူခြင်းသည် မိုးစပါးပျက်စီးသည့်
ရွှေခရုနှိမ်နင်းခြင်းအတွက် အလွန်အကျိုးရှိခြင်းနှင့်
ဒေသတွင်းဥစားသုံးမှုဖူလုံစေရေးတို့အတွက် အထောက်အကူပြုသဖြင့်
ဥစားဘဲမွေးမြူရေးလုပ်ငန်းအား တိုးချဲ့ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)





No comments:
Post a Comment