နေပြည်တော် ဇွန် ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း/ ကော့မှူးမြို့နယ်ရှိ မုတ်ကျွန်းတာ (သရက်တောအပိုင်း) ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်
ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ တာအနီးပတ်ဝန်းကျင်ရှိ
လူနေအိမ်များမှ အမှိုက်များ စွန့်ပစ်မှုကြောင့် တာတမံ၏ ကြံ့ခိုင်လုံခြုံမှုကို ထိခိုက်စေနိုင်သောကြောင့်
ပြည်သူများကို အသိပညာပေးပြီးရှင်းလင်း ဆောင်ရွက်သွားကြရန်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်
ပူးပေါင်း၍ တာတမံဥပဒေ နှင့်အညီ ထိန်းကျောင်းစီမံဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားကာ
မုတ်ကျွန်းတာ (သရက်တော အပိုင်း) ရေကင်းတဲတွင် အရေးပေါ်သုံးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေကို
ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
ကွမ်းခြံကုန်းမြို့နယ်ရှိ တာပြတ်ဇရပ် ရေတံခါး အဝင်/အထွက်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို
ကြည့်ရှုစစ်ဆေးပြီး သဲနုန်းပို့ချမှု များလာသောကြောင့် မြောင်းကော၍ ရေနုတ်အား ကျဆင်းလာခြင်းမျိုး
မဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင် ရွက်ကြရန်၊ ရေတံခါးရွက်များ၊ ရေတံခါးများနှင့် ရေအားအဆောက်အအုံများအား
ရေရှည်တည်တံ့ စေရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အထူးအလေးထားဆောင်ရွက်သွားကြရန်
ဆွေးနွေးမှာကြားသည်။
ထို့နောက် ကွမ်းခြံကုန်းရေတံခါးအား
ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပြောင်းလဲ တပ်ဆင်ထားသော ရေတံခါးရွက်များ ရေရှည်ကြံ့ခိုင်ရေးအတွက်
စနစ်တကျထိန်းသိမ်း ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားကာ ရှင်းလင်းဆောင်၌ ဝန်ကြီးဌာနအောက်ရှိ
ခရိုင်၊ မြို့နယ် တာဝန်ခံ များနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား
တိုးမြှင့်စေရေးနှင့် ပတ်သက်၍ မြေဆီလွှာအခြေအနေများ တိုင်းတာစစ်ဆေး ပြုပြင်မှုများ
လုပ်ဆောင်ကြရန်နှင့် ရွှေခရုကဲ့သို့သော ပိုးမွှားအန္တရာယ်အပြင် တခြားကျရောက်နိုင်သော
ပိုးမွှားရောဂါအန္တရာယ် ကာကွယ်ခြင်း လုပ်ငန်းများကို တောင်သူများ နားလည်သိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး
ပညာပေးလုပ်ငန်း များ ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးဧကများ တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များ
ဆွေးနွေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာ တောင်သူ ဦးမြင့်ဦး ၏ ငါးဧကစိုက်ခင်း၌ မှော်ဘီ-၃
စပါးမျိုးကို မျိုးစေ့ချကိရိယာ (Seeder) များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment