နေပြည်တော် ဇွန် ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ်လယ်ကိုင်းကျေးရွာသို့ သွားရောက်၍ အပ်ချုပ်နည်းပညာသင် တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နေသည့် ဒေါ်နွယ်နွယ်ဝင်း၏ နွယ်နွယ်ဝင်း အပ်ချုပ်လုပ်ငန်းနှင့် ဒေါ်ယမင်းခိုင်၏ မေမြင့်မိုရ်အပ် ချုပ်လုပ်ငန်းတို့ကိုလည်းကောင်း၊ ကိုသိန်းသန်းနှင့် ကိုဖြိုးတို့၏ ဆိုင်ကယ်ပြင်လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မအူပင်မြို့
တိုးရွှေဝါခန်းမတွင် ဖျာပုံခရိုင်နှင့် မအူပင်ခရိုင် မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ
စိုက်ပျိုးရေးသမဝါယမ အသင်း ၃၃ သင်းအတွက် ငွေကျပ် ၂၇၅၂ သန်း တန်ဖိုးရှိ အထွက်တိုး မျိုးစပါး၊
သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်၍
ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သမဝါယမဦးစီး ဌာနနှင့် သမဝါယမအသင်းစုချုပ်မှ
တာဝန်ရှိသူများက အထွက်တိုးမျိုးစပါးများဖြစ်သော GW-11 ဆာဖိုး သာ၊ နယူးဧရာ၊ မှော်ဘီ-၃
မျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာ (Drum Seeder) များ ပေးအပ်ခဲ့ကြ ရာ မြို့နယ်အလိုက်
အသင်းအမှုဆောင်များက လက်ခံရယူကြပြီး အသင်းသားတောင်သူများ၏ ဖွံ့ဖြိုးရေး တင်ပြချက်များအပေါ်
တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ
ကွမ်းခြံချောင်း ခေတ်မီစံပြကျေးရွာ (Smart Village)သို့ သွားရောက်၍ ကျေးရွာဓမ္မာရုံတွင်
ကျေးရွာသူကျေးရွာ သားများနှင့်တွေ့ဆုံရာ တာဝန်ရှိ သူများက ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာအတွက်
စီမံကိန်းကာလ ငါးနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပေးမည့် လုပ်ငန်းဆိုင်ရာများကို
ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ခေတ်မီစံပြကျေးရွာ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ
မြို့နယ်အတွင်းရှိ အခြားကျေးရွာများထက် ထူးခြားသာလွန် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်
တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
ခေတ်မီစံပြကျေးရွာအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုစီမံ ကိန်း ရန်ပုံငွေကျပ်သိန်း
၂၀၀ ကို ပေးအပ်ရာ ကျေးရွာကော်မတီဝင် များက လက်ခံရယူပြီး ကျေးရွာသူ ကျေးရွာသားများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment