ပဲခူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက အစိုးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ အားကစားဥယျာဉ်မိုးလုံလေလုံခန်းမ၌ ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးဝိတ်တန်းအလိုက် ရှုံးထွက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်
အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ရှုံးထွက်အတိုက် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး
ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ ဒိုင်များ၏ နေထိုင်စားသောက်ရေးနှင့်
ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိစေရေးနှင့်
ရပ်ကွက်/ကျေးရွာများမှ အားကစားဝါသနာရှင်များ
လာရောက်အားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်
တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်
ကိုယ်စားပြုအားကစားသမားများမှ ယနေ့တွင် ရှုံးထွက်အတိုက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၆၀)ကီလို၊
(-၆၆)ကီလို၊(-၇၃)ကီလို၊
(+၇၃)ကီလိုနှင့် အမျိုးသမီး(-၅၂)
ကီလို၊
(-၆၃)ကီလို၊
(+၆၃)ကီလို၊
(-၅၇)ကီလိုစသည့် ဝိတ်တန်းများအလိုက်
ယှဉ်ပြိုင်ကစားလျက်ရှိကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)





No comments:
Post a Comment