Wednesday, February 19, 2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ …

မြင့်စိုး(နတလ)

(နိဒါန်း)

တပေါင်းကွင်းသည် အောင်မြေ

မင်္ဂလာပါရှင် ……….

ဆောင်းဦးမို့ အေးမြသာယာသည်

ထွန်းညှိတဲ့မီးများ ရောင်စုံညီ

ပြပွဲကြီးသို့ ဖိတ်ခေါ်ချင်ပါသည်

MSME ထုတ်ကုန်ပြပွဲ နေပြည်တော်မှာ

ကုန်စည်ပြပွဲပြိုင်ပွဲ ခင်းကျင်းပါမည်

ပြည်ထောင်စုဖွား လုပ်ငန်းရှင်များ

ဝမ်းမြောက်ဝမ်းသာ သတင်းကောင်းပါ

တစ်အူထုံ့ဆင်း ကာယဉာဏ

အကျိုးစီးပွားကို ဖော်ဆောင်ရည်ညွှန်းမှာ

[ခေတ်တစ်ခေတ်ရဲ့ အဓိကမှာ နည်းပညာ

အတွေးမှန်မှ အနာဂတ် ခိုင်မာ

ရှင်သန်သင့်ခရီးအတွက် ရှေ့ရောက်မှာ

လာ ……….. လာ……….. လာ

ထုတ်ကုန်ပြပွဲ အရောက်သာလှမ်းခဲ့ပါ ]

[ စက်မှုထုတ်ကုန်ပြပွဲဆီ အရောက်လှမ်းခဲ့ကြပြီ

လက်မှုထုတ်ကုန်ပြပွဲဆီ ခံ့ညားဝင့်ဝင့်ထည်]

……………………………………………….

တေးသီချင်း အမည်ပေးက စက်မှုကုန်စည် ပြပွဲဆီ”…တဲ့။ တေးပြုစာဆို ဖန်တီးထုဆစ်ထားသော သီချင်းစာသားများက ခေါင်းစဉ်နှင့်လိုက်ဖက်ညီစွာ ကျွန်တော်တို့အားလုံးကို စက်မှုကုန်စည်ပြပွဲဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ တေးသံရှင်ကလေးမလေး၏ အသံကလည်းပတ်ဝန်းကျင်ရှိ ပရိသတ်အားလုံးကို သိမ်းကျုံးညှို့ငင်ထားနိုင်သည့်အပြင် Live လွှင့်နေသော အခမ်းအနားဖြစ်၍ နိုင်ငံတစ်ဝန်းမှ ပြည်သူအပေါင်း၏ရင်သို့ တိုးဝင်လှုပ်ခတ်သွားမည်မှာမလွဲပါ။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ခင်းအခါသမယမှာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း၊ တပေါင်းကွင်းတည်းဟူသော ဘူမိနက်သန်နေရာမှန်၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဖွင့်ပွဲအခမ်းအနားကြီးကို ဝှဲချီးကျင်းပပြုလုပ်ခဲ့ကြသည်။

 




 

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်တို့နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ပြခန်းစုံညီ တွေ့ရသည်

ယခုပြပွဲပြိုင်ပွဲကြီးကို မူလက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိသာ ခင်းကျင်းပြသရန် လျာထားခဲ့သော်လည်း ပြခန်းတာဝန်ခံများနှင့် ပြည်နယ်/ တိုင်းဒေသကြီး အေဂျင်စီများ အချင်းချင်း တွေ့ဆုံ၍ မိမိတို့၏ထုတ်ကုန်များကို နေရာအနှံ့ချိတ်ဆက်ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ကြ ရန်လည်းကောင်း၊ ပြပွဲစတင်သည့်ရက်မှစ၍ ရုံးဖွင့်ရက်အတွင်းမှာပင် လာရောက်လေ့လာဝယ်ယူကြသည့် လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက ပိုမိုလေ့လာမှတ်သားနိုင်ရန်နှင့် မိမိတို့လိုအပ်သောကုန်ပစ္စည်းများကို ပိုမိုဝယ်ယူအားပေးနိုင်ရန်အတွက်လည်းကောင်း၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ရပ်နီးရပ်ဝေးမှ ရုံးဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ လာရောက်လေ့လာဝယ်ယူအားပေးနိုင်ရေး ရှေးရှု၍လည်းကောင်း MSME ထုတ်ကုန်ပြပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရှေးယခင်က ပြပွဲသက်သက်ဆောင်ရွက်ခဲ့ကြ၍ ဈေးရောင်းပွဲတော်တစ်ခုအနေဖြင့်သာ ထင်မြင်ယူဆ ခဲ့ကြသည်။ ယခုကျင်းပပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကမူ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ဦးဆောင်မှုဖြင့် MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်သန်လျက် စနစ်တကျ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပေရာ ပြခန်းပေါင်း ၉၆ ခန်း၊ ထုတ်ကုန်ပြိုင်ပွဲဝင် ပစ္စည်းအမယ် (အမည်) ပေါင်းများစွာ ပါဝင်ခင်းကျင်းပြသယှဉ်ပြိုင်ခဲ့ကြသည်။

ပြခန်းပေါင်း ၉၆ ခန်းတွင် ဝန်ကြီးဌာနပြခန်းများအနေဖြင့် စက်မှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာနပြခန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြခန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်းဟူ၍ ပြခန်းရှစ်ခန်းပါဝင်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပြခန်းများလည်းပါဝင်ပေရာ နေပြည်တော် MSME ထုတ်ကုန်ပြခန်းမှ အစပြု၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ MSME ထုတ်ကုန် ပြခန်းများ ၁၆ ခန်း ခင်းကျင်းပြသထားပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးပြခန်းများတွင် မန္တလေးတိုင်းဒေသကြီးကနှစ်ခန်း ရယူပြသခဲ့သည်။ အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall)၊ မြန်မာနိုင်ငံ ဘဏ်များအသင်းပြခန်း၊ Digital Corner ပြခန်းနှစ်ခန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် MSME ထုတ်ကုန်များပြခန်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MSME ထုတ်ကုန်များပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ပြခန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းပြခန်းဟူ၍ ပြခန်းရှစ်ခန်း ခင်းကျင်းပြသထားပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း ပြခန်းများ ၁၁ ခန်း၊ ကုန်ထုတ်သမဝါယမအသင်းများ ပြခန်း ၁၀ ခန်းတို့လည်း ပါဝင်သည်။ ပါဝင်ပြသခဲ့ကြသည့် အခြားသောအသင်းအဖွဲ့များထဲတွင် MYEA MWEA MYANWEN ရန်ကုန်တာရာနှစ်ခန်း၊ ဝါးလားခေါက်ဆွဲ၊ First Packing Machine နှစ်ခန်း၊ အမှတ် () အကြီးစားနှစ်ခန်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ပြခန်းခြောက်ခန်း စုစုပေါင်း ၁၆ ခန်းတို့အပြင် စက်ပစ္စည်းကုမ္ပဏီ၊ စိုက်ပျိုးရေးသွင်းအားစု အရောင်းပြခန်းများဖြစ်ကြသည့် Good Brother ၊ မာလာမြိုင်၊ မြန်မာ့ဩဘာ၊ Super Seven Stars Success Solar New Light Motorcycle ခြောက်ခန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားရိုးရာအစားအသောက်များ ရောင်းချပေးသည့် အခန်း ၂၁ ခန်း စသည်ဖြင့် စုစုပေါင်း ၉၆ ခန်း ပူးပေါင်းပါဝင်ခင်းကျင်းပြသ၍ ထုတ်ကုန်၊ ဒေသထွက်ကုန်နှင့် စက်ကိရိယာများပြသခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်စေရန်၊

() ထုတ်ကုန်ပစ္စည်းများသည်ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်ကို ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊

() ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအမံများ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊

() MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊

() MSME များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊

() ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန်တို့ပဲ ဖြစ်ပါသည်။

ကော်မတီများ ဖွဲ့စည်းဆောင်ရွက်

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော ဦးစီးကော်မတီကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အဖွဲ့ဝင် ၃၁ ဦးဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော လုပ်ငန်းကော်မတီကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အဖွဲ့ဝင် ၂၁ ဦးဖြင့်လည်းကောင်းဖွဲ့စည်းခဲ့ပြီး နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် အောက်ဖော်ပြပါ လုပ်ငန်းဆပ်ကော်မတီ ၁၁ ခုကို ဖွဲ့စည်းခဲ့ပါသည် -

(က) လုံခြုံရေးဆပ်ကော်မတီ

() ဖိတ်ကြားရေး၊ နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ

() မုခ်ဦးနှင့် ပြခန်းများ တည်ဆောက်ရေး ဆပ်ကော်မတီ

() ပြခန်းနေရာချထားရေးနှင့် ခင်းကျင်း ပြသရေးဆပ်ကော်မတီ

() ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ

() ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေး ဆပ်ကော်မတီ

() လုပ်ငန်း/ စီးပွား ချိတ်ဆက်မှု ဆပ်ကော်မတီ (Business Matching)

() အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ဆပ်ကော်မတီ

() ရေနှင့် လျှပ်စစ်မီးရရှိရေး ဆပ်ကော်မတီ

() သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ

() ဘဏ္ဍာရေးဆပ်ကော်မတီ

နိုင်ငံတော်အကြီးအကဲ၏ စေတနာ

နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားအပြီး ပြခန်းတစ်ခုချင်းအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံအားပေးကြည့်ရှုကာ ထုတ်ကုန်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့် သုံးစွဲမှု၊ ထုတ်ကုန်များ ထုတ်လုပ်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်ရရှိမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပြည်တွင်းပြည်ပသို့ ပိုမိုတိုးချဲ့ဖြန့်ဖြူးနိုင်မည့် အခြေအနေများနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြခန်းပေါင်းများစွာကို နာရီပေါင်းများစွာ အချိန်ပေး၍ ကြည့်ရှုသလို လုပ်ငန်းရှင်များ၏ တင်ပြချက်၊ အကြံပြုချက်များကိုလည်း အလေးထားနားထောင်ပေးသည်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကိုပါ တင်ပြခွင့်ရခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment