နေပြည်တော် ဖေဖော်ဝါရီ ၁၈
နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က) အဆင့်နှင့် (ခ) အဆင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
(က) အဆင့်ပြိုင်ပွဲတွင် စစ်တက္ကသိုလ် စစ်တီးဝိုင်းအသင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment