နေပြည်တော် ဖေဖော်ဝါရီ ၁၇
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအဖြစ် ကြံသီးနှံနည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပသည်။
အဆိုပါ သင်တန်းတွင် တရုတ်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များက
ကြံသီးနှံနည်းပညာများကို အွန်လိုင်းမှ ပို့ချပေးသွားမည်ဖြစ်ပြီး ကြံမျိုးစေ့ပျိုးထောင်ခြင်း၊
ဇီဝနည်းပညာဖြင့် ကြံစိုက်ပျိုးခြင်း၊ ကြံတစ်သျှူးများ ပျိုးထောင်ခြင်း၊ ကြံမျိုးကောင်းစိုက်ပျိုးရေးနှင့်
လျင်မြန်စွာမျိုးပွားခြင်း၊ ကြံပိုးမွှားများနှင့် ပေါင်းပင်မြက်ပင်များအား ပိုးသတ်ဆေးဖြင့်
စမ်းသပ်စစ်ဆေးခြင်း၊ ကြံမျိုးကောင်းများ ထွက်ရှိနိုင်ရေးနှင့်စပ်လျဉ်း၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း
စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထို့ပြင် ကြံပင်ကောင်းမွန်မြန်ဆန်စွာ စိုက်ပျိုးရေး၊
စက်ယန္တရားအသုံးချခြင်းနှင့် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးရေးအဖြစ် ဖော်ဆောင်ခြင်း၊
ကြံဇီဝနည်းပညာ၊ ကြံသီးနှံကာကွယ်ရေး၊ ကြံလမိုင်းပြုပြင်စိုက်ပျိုးရေး စနစ်တကျစီမံခန့်ခွဲမှုစသည့်
နည်းပညာများကိုလည်း ပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ ရဲတင့်ထွန်းနှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော်မှ သင်တန်းသား သင်တန်းသူများ
တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတက်ဟုန်းပြည်နယ် စိုက်ပျိုးရေးဌာန ဒုတိယဌာနမှူး
Mr. Gao Wen Chun၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း
တာဝန်ခံဌာနမှူး Mr. Yin Yi Peng နှင့် ကြံသီးနှံနည်းပညာပေးကြမည့် သင်တန်းဆရာ ဆရာမများ၊
တိုင်းဒေသကြီး၊ ပြည်နယ်များမှ သင်တန်းသားဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်
စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲသည် “မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော
ကြံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်နိုင်ရန်အတွက် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်းမျိုးကြံများ
ဖြန့်ဖြူးခြင်း” စီမံကိန်းကို လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment