နေပြည်တော် ဖေဖော်ဝါရီ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန် နေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက
မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်
ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နှမ်းသီးနှံအထွက်နှုန်း တိုးတက်ရေးနှင့်ပတ်သက်၍
စံပြစိုက်ခင်းပြုလုပ်မည့်နေရာများ ရွေးချယ်ပြီး စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေးအတွက်
သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ သီးနှံအထွက်နှုန်း
တိုးတက်ကောင်းမွန်ရေးသည် စက်ကိရိယာသုံးစွဲနိုင်မှုနှင့် ဆက်စပ်နေသောကြောင့် မိတ္ထီလာခရိုင်အတွင်း
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများ ဖွင့်လှစ်ခြင်း၊ တောင်သူပညာပေးသရုပ်ပြပွဲများ
ပြုလုပ်ခြင်းနှင့် ပုဂ္ဂလိကစက်မှုလယ်ယာ ဝန်ဆောင်မှုအသင်းများ အားကောင်းလာစေရေးအတွက်
ဌာနနှင့် ပုဂ္ဂလိက ဝန်ဆောင်မှုအသင်းများ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မိတ္ထီလာခရိုင်စိုက်ပျိုးရေး
ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက
မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးရေရရှိရေး၊ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်
တာဝန်ရှိသူများသည် သာစည်မြို့နယ် ချောက်ခွဲကျေးရွာ၌ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက
ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လေးလက်မစက်ရေတွင်းတူးဖော်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး
လုပ်ငန်းပြီးစီးပါက နွေနှမ်းစံပြစိုက်ကွက်များ အထွက်နှုန်းပိုမိုကောင်းမွန်စေရန်နှင့်
တောင်သူအစုအဖွဲ့တွင် ညီညွတ်မျှတစွာ ရေရယူသုံးစွဲနိုင်ရေးအတွက် ရေခွဲဝေသုံးစွဲမည့်စနစ်ကို
သေချာစီမံဆောင်ရွက်ပေး သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment