နေပြည်တော် ဖေဖော်ဝါရီ ၁၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလပ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလပ်နည်းပြနှင့် ဒိုင်သင်တန်းတွင် အင်ဒိုနီးရှားနိုင်ငံမှ နည်းပြ TITIH HAYATI က သင်တန်းသား သင်တန်းသူ ၃၆ ဦးတို့အား စာတွေ့ လက်တွေ့သင်ကြားပို့ချနေမှုများနှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စတင်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားအဖွဲ့၏ လေ့ကျင့်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင်
မြန်မာနိုင်ငံ နပန်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့အား အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန်၊
နပန်းအားကစားနည်း ပြန်လည်ရှင်သန်ပြန့်ပွားလာစေရန်နှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်
ယခင်ရရှိခဲ့သည့် အောင်မြင်မှုများအတိုင်း ပြန်လည်ရရှိစေရန်အတွက် ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိသည့် နည်းပြများဖြင့်
လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နပန်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးရဲထွန်းနှင့် ဒုတိယဥက္ကဋ္ဌတို့က နပန်းအားကစား နည်း တိုးတက်ပြန့်ပွားစေရေး လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊
ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းအစီအမံများ၊ အားကစားသမားများအား ရွေးချယ်ခြင်းနှင့်
စခန်းသွင်းလေ့ကျင့်ပေးမည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လာမည့် (၃၃) ကြိမ်မြောက်
အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိစေရေးအတွက်
ဝိုင်းဝန်းကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ
ပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံရာ ဥက္ကဋ္ဌဦးရဲဝင့်ထွဋ်တင်က
ပိုက်ကျော်ခြင်းအားကစား နည်းဖြင့် အောင်မြင်မှု ဆုတံဆိပ်များရရှိစေရေး စီစဉ်ဆောင်ရွက်ထားမှုများ၊
စခန်းဝင်လေ့ကျင့်မှုများ၊ ပံ့ပိုးထောက်ပံ့ပေးမှုများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး
ပြောကြားသည်။
ဆွေးနွေးမှုများအပေါ်
ပြည်ထောင်စုဝန်ကြီးက ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲနှင့်
အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရယူပေးနိုင်ခဲ့ကြောင်း၊ လာမည့် (၃၃)
ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများ ပိုမိုရရှိအောင်
ဆက်လက်ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို
ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်
No comments:
Post a Comment