နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်၂၆ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့
စဉ်ဆက်ပညာရေးလုပ်ငန်း ဗဟိုကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာညွန့်ဖေ၊ စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊
တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ၊ စေတနာလုပ်အားပေးနည်းပြများနှင့် ကြီးကြပ်များ၊
သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင်
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်၌
လူငယ်နှင့်သက်ကြီးပိုင်းအရွယ် စာမတတ်သူများကို ဦးတည်အုပ်စုအဖြစ် သင်ကြားပေးသည့်အခြေခံ
စာတတ်မြောက်ရေးလုပ်ငန်းဖြင့် သင်ကြားပေးခဲ့သူ ပေါင်း ၇၈၃၉၇ ဦးရှိပါကြောင်း၊ စာတတ်မြောက်ရေးသင်ကြားပြီးခဲ့သူများ၊
ငယ်စဉ်က မူလတန်းပညာသာ သင်ကြားခဲ့ရသူများနှင့် မူလတန်းပညာကို တစ်ပိုင်းတစ်စသင်ကြားခဲ့ရသူ
များအတွက် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခု၊ ဧရိယာ ၆ ခုတွင်
သင်ကြားနေဆဲ လျာထားစာသင်သားပေါင်း ၃၈၇၅၇ ဦးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ စဉ်ဆက်ပညာရေးလုပ်ငန်း
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်များရှိ စာသင်ဝိုင်းများတွင် ၁ ရက်
ပျမ်းမျှ ၃ နာရီနှုန်းဖြင့် သင်ကြားပေးသွားနိုင်ရေးကို မြို့နယ်နှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့များက
ထိထိရောက်ရောက် ပေါင်းစပ်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး
ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း စဉ်ဆက်ပညာ ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်
မြို့နယ် ၂၆ မြို့နယ်တွင် အစီအစဉ် ၃ ရပ် သင်ကြားအသိ ပညာပေးနိုင်ရေးဆောင်ရွက်မှုနှင့်စပ်လျဉ်း၍
ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက
ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ် စဉ်ဆက် ပညာရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြမည့်
ကြီးကြပ်၊ နည်းပြများနှင့် စာသင်သားများ အတွက် စာသင်သားသုံးထောက်ပံ့ပစ္စည်းနှင့် စာသင်ဝိုင်းသုံး
ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ စာသင်သား ကိုယ်စားလှယ်များနှင့် နည်းပြကြီးကြပ်များက
လက်ခံရယူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး
ဝန်ကြီးချုပ်က ချီးမြှင့်ငွေများ ပေးအပ်ရာ တိုင်းပညာရေးမှူးနှင့် ဆရာ ဆရာမများက လက်ခံရယူကြပြီး
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ
မြို့နယ် ၂၆ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စေတနာ လုပ်အားပေးနည်းပြ ၃၁၀၉ ဦးနှင့်
ကြီးကြပ်ပေါင်း ၄၀၃ ဦးတို့က လျာထားစာသင်သားပေါင်း ၂၅၀၁၆ ဦး၊ စာသင်ဝိုင်းပေါင်း ၁၇၇၁
ဝိုင်းကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment