နေပြည်တော် ဖေဖော်ဝါရီ ၁၇
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်စက်မှုရပ်နေ
မငြိမ်းလင်းနွယ် (ခ) ဝိုင်းမှ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ မန်ရန်ကျေးရွာနေ
မ-----၊ ၁၉/၂၀၂၅ နှစ်အား ဘဝရပ်တည်ရန်ခက်ခဲနေမှုနှင့် ငွေကြေးအခက်အခဲရှိနေမှုအား အခွင့်ကောင်းယူကာ
ပြောဆိုစည်းရုံးပြီး တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့်
မူဆယ်မြို့မရဲစခန်းက (ပ) ၂၃၄/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄
ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ မူဆယ်ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ
၁၄ ရက်တွင် တရားခံမငြိမ်းလင်းနွယ်(ခ)ဝိုင်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ
၃၅ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment