ပုသိမ် ဖေဖော်ဝါရီ ၁၈
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က
“ သဘာဝဘေးအန္တရာယ်ဆိုသည့်စကားရပ်တွင် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုများ
ဖြစ်ပွားခြင်းလည်း ပါဝင်သောကြောင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက်
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများပေးခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် ယာယီပြောင်းရွှေ့နေထိုင်ကြသူများအား
စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၁.၇၂)သန်းကို သက်ဆိုင်ရာမြို့နယ်များ၏ ငွေစာရင်းများသို့
လွှဲပြောင်းထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်က ယာယီနေရပ်စွန့်ခွာ
ပြည်သူများအတွက် စီစဉ်ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ပြည်သူများ
လက်ဝယ်အရောက် တာဝန်ရှိသူအဆင့်ဆင့်က စေတနာထားပြီး ကြီးကြပ်ဆောင်ရွက် ပေးကြရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့်
ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊
ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်တို့မှ
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပြည်သူများကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူခဲ့ပြီးနောက်
ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ထုတ်ပေးနေမှုများအား
ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းဇယားတိကျမှန်ကန်မှုရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း
သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments:
Post a Comment