နေပြည်တော် ဇန်နဝါရီ ၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ သစ်တောသုတေသနဌာန (ရေဆင်း) ဧည့်ရိပ်သာဆောင် ပြန်လည် ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
နေပြည်တော်တိရစ္ဆာန်ဥယျာဉ် ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နေပြည်တော်တိရစ္ဆာန်ဥယျာဉ်နှင့်
ဆာဖာရီဥယျာဉ်တို့ကို ပြည်သူများ လာရောက်အပန်းဖြေအနားယူနိုင်ရန်၊ ဗဟုသုတရစေရန်နှင့်
ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်သဘော တရားများကို သိရှိနားလည်စေရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊
ကျောင်းသား ကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာပညာရပ်များ လေ့လာသင်ယူမှုနှင့်
သုတေသနဆိုင်ရာ လုပ်ငန်းများအတွက်လည်း များစွာအထောက်အကူပြုကြောင်း၊ ဥယျာဉ်အတွင်းရှိ
တိရစ္ဆာန်များ၏ ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သွားရန်နှင့် အစားအစာများအား
သတ်မှတ်ချက်များနှင့်အညီ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်သွားရန် လိုကြောင်း၊ ထို့ပြင်
ရှားပါး၍ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်များ မျိုးဆက်ပြန့်ပွားနိုင်ရန်အတွက်
ထိန်းသိမ်း မွေးမြူသွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်
တိရစ္ဆာန်ဥယျာဉ်အတွင်း ပြကွက်တစ်ခုချင်းအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်
ပြုပြင်ဆောင်ရွက်နေမှုများ၊ နက္ခတ်တာရာပြခန်း၊ ပြကွက် များနှင့် ဆာဖာရီဥယျာဉ်အတွင်း
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment