နေပြည်တော် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ဆီဆုံကုန်းကျေးရွာကို ဇန်နဝါရီ ၁၅ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍
နတ်တလင်းမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နတ်တလင်းမြို့နယ် အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ
ဇန်နဝါရီ ၁၆ ရက်က ဆီဆုံကုန်းကျေးရွာနှင့်အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သော်လည်း
အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းမရှိဘဲ တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်
အထင်အမြင်လွဲမှားစေရန် မြေပြင်ဖြစ်စဉ်များနှင့် ကွဲလွဲနေသည့် သတင်းတု၊ သတင်းအမှားများကို
လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment