နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၉) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာ စကားများ ပြောကြားကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲများသို့
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်
တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများအား
တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပစ္စည်းများ ပေးအပ်ကြပြီး
သင်တန်းသားများကို လိုက်လံ နှုတ်ဆက်အားပေးကြသည်။
ပြည်ထောင်စု မပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့်
ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့်
ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို
ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင်
စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး
သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့ သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/
တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ဦးလည်မသုန်
ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့်
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏
စကားသံများကိုလည်း ကြားသိရပါသည်-
မောင်ဝင်းပိုင်ဖြိုး
သင်တန်းတက်ရောက်ဖြစ်တာကတော့
အသက် ၁၈နှစ်ကနေ ၃၅ နှစ် အသက်ပြည့်တဲ့အတွက် စစ်မှုထမ်းဥပဒေအရ လာရောက်တက်ရောက်ဖြစ်တာပါ။
သင်တန်းမှာ သင်ကြားသွားမယ့် ဘာသာရပ်တွေကတော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့အညီ လိုက်နာသွားပါမယ်။
နိုင်ငံတော်က ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားပါမယ်။ သင်တန်းမတက်ခင်မှာ
ကိုယ်မရောက်ဖူးတဲ့နေရာဆိုတော့ စိတ်လှုပ်ရှားတာပေါ့။ ရောက်လာတော့လည်း သူဟာနဲ့သူ အဆင်ပြေအောင်
နေတတ်ထိုင်တတ်ပါတယ်။ အပြင်မှာတော့ ကိုယ်နေချင်သလိုနေ၊ ကိုယ်အိပ်ချင်သလို အိပ်နေတာ၊
ထိုင်တာ၊ စားတာ၊ သောက်တာအားလုံး စည်းကမ်းနဲ့ အလုပ်လုပ် တာဆိုတော့ အများကြီးကွာခြားတာပေါ့။
နောက်ဆုံးအိပ်ချိန် စားချိန်၊ ရေချိုးချိန်ကအစ အားလုံး သူ့စည်းသူ့ကမ်းနဲ့ နေရပါတယ်။
မောင်ကျော်ဝင်းထွန်း
နိုင်ငံတော်ကာကွယ်ဖို့အတွက်ရယ်၊
ယောက်ျားကောင်းယောက်ျားမြတ်တွေဖြစ်ဖို့အတွက် ဒီကို သင်တန်းလာရောက်တက်ရောက်ဖြစ်တာပါ။
စည်းကမ်းပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရရှိသလို ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်အတွက်လည်း
ထွန်းလင်းတောက်ပမှုတွေဖြစ်လာမှာကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။ လက်နက်နဲ့ စစ်ရေးပြကို
တတ်မြောက်တဲ့အတွက် အမျိုးဘာသာ သာသနာကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တုန်းက
တပ်မတော်သားတွေရဲ့ ဘဝကို မသိတဲ့အတွက် သူများပြောတာတွေကို ယုံကြည်မိခဲ့ပါတယ်။ အခုတပ်မတော်ယူနီဖောင်းကို
ဝတ်လိုက်တဲ့အတွက် တပ်မတော်သားတွေ ရဲ့အရာအားလုံးကို ကိုယ်ချင်းစာမိပါတယ်။ သူများတွေပြောသလိုမဟုတ်ဘူးဆိုတာ
ကျွန်တော်ယုံကြည်လာမိပါတယ်။ နောက် အပတ်စဉ်တက်လာမယ့် လူငယ်တွေအားလုံး၊ မြန်မာနိုင်ငံအတွင်းမှာနေတဲ့
နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။
မောင်နေမျိုးဇော်
ယုံကြည်ချက် ခံယူချက်ကတော့
ပြည်သူ့စစ်မှုထမ်းမဖြစ်ခင်ကပင် တက်ချင်နေတာပါ။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်က နိုင်ငံသားတစ်ယောက်ဖြစ်နေတဲ့အတွက်
တပ်မတော်ထဲကို ဝင်ရောက်ဖို့အတွက် အရင်ကလည်း စိတ်ပါနေတာပါ။ လာ့မယ့်ညီငယ်လေးတွေကိုလည်း
ပြောခဲ့ ပါတယ်။ ငါစစ်မှုထမ်းဖို့သွားမယ်။ မင်းတို့စိတ်ဓာတ်တက်ကြွရင် လာခဲ့။ အဆင်သင့်ရှိနေမှာပါ။
ကျွန်တော့်ခံယူချက်ကတော့ တစ်နိုင်ငံလုံး ကျွန်တော့်လိုမျိုး စိတ်ဓာတ်ရှိမယ်ဆိုရင် ဗုဒ္ဓဘာသာတွေဖြစ်တယ်။
ဘာသာ၊ သာသနာ၊ လူမျိုးသုံးခုစလုံးကို ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးလေးတွေ ရှိနိုင်ပါတယ်။
ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာ ကြီးလာတဲ့လူတိုင်းဟာ ဒီလိုဖြစ် သင့်တယ်။ လုပ်လည်းလုပ်သင့်တယ်။
တစ်နေ့တစ်နေ့ကို နိုင်ငံအတွင်းမှာနေပြီး အကျိုးအမြတ် မရှိဘူး။ နိုင်ငံကို ကာကွယ်ဖို့အတွက်
ဒီအတိုင်းနေရင် အကျိုးမရှိဘူး။ အဲဒါကြောင့် နိုင်ငံတော်က ပြည်သူ့စစ်ဥပဒေကို ထုတ်ပြန်တာလည်း
ကောင်းတယ်။ ပြောမယ်ဆိုရင်တော့ နိုင်ငံတော်ကာကွယ် ဖို့ လူငယ်တိုင်းမှာ တာဝန်ရှိသွားတာပေါ့။
တာဝန်လည်းကျေသွားတာပေါ့။
သတင်းစဉ်
MNA.jpg)
No comments:
Post a Comment