နေပြည်တော် ဇန်နဝါရီ ၂၀
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လျာထားဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က
နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင်
စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ နှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း
လိုအပ်ချက်များရှိနေသေးကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင်
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊
ယခုအစည်းအဝေးတွင် ဇန်နဝါရီ ၁၇ ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ညွှန်ကြားထား သည့်အချက်များနှင့်ပတ်သက်၍
ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက
သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက
ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် တွင် ဆောင်ရွက်လျက်ရှိသည့်
စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းစီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊
နေပြည်တော်ကောင်စီနယ်မြေ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရာသီအချိန်မီ
နွေစပါးစိုက်ပျိုးနိုင်ရန် သဘာဝမြေဩဇာ ထည့်သွင်းမြေပြင်ခြင်း၊ မျိုးစေ့စုဆောင်းခြင်းလုပ်ငန်းများအတွက်
ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းဆိုင်ရာများ၊ ဓာတ်မြေဩဇာလိုအပ်ချက်ကို လုပ်ငန်းရှင်များနှင့်
ညှိနှိုင်း ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
-1.jpg)
No comments:
Post a Comment