Thursday, October 3, 2024

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်သည့်စကားများပြောဟု သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝန်ထမ်းများက သန်းခေါင်စာရင်းလာကောက်စဉ် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်သည့် စကားများပြောကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ပြည်ဖျက်မီဒီယာများသည် နိုင်ငံတော်အစိုးရကို ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ လူဦးရေစာရင်းနှင့် ဆက်စပ်သည့် အကြောင်းအရာအချက်အလက်များကို တိကျမှန်ကန်စွာ ကောက်ယူပြုစုရခြင်းဖြစ်ကြောင်း၊ ရရှိလာမည့်စာရင်းများကိုအခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့်လိုအပ်သည့်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေရန် အထောက်အပံ့ဖြစ်စေမည့် အခြေခံကျသည့် လုပ်ငန်းစဉ်ကြီးဖြစ်ကြောင်း၊ တိကျမှန်ကန်သော စာရင်းများရရှိပါက ပြည်သူတစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်မှု၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားများကို လိုအပ်သလို ဖြည့်ဆည်းပေးရန် အထောက်အကူများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်ဖျက်မီဒီယာများနှင့် မြေပေါ် မြေအောက်အဖွဲ့အစည်းများသည် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်မည်ကိုမလိုလား၍ နိုင်ငံတော်အစိုးရအပေါ် ဘက်ပေါင်းစုံမှထိုးနှက်တိုက်ခိုက်လျက်ရှိပြီး ယခုသတင်းနှင့်ပတ်သက်၍လည်း ပြည်သူလူထုအကြား ဘာသာရေးမှိုင်းတိုက်လှုံ့ဆော်နေသည့်သတင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

No comments:

Post a Comment