Thursday, October 3, 2024

တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ်မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ်တံတား ပျက်စီးမှုများ သွားရောက်ကြည့်ရှု

 

နေပြည်တော် အောက်တိုဘာ ၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခုတ်ချောင်းရေမြင့်တက်လာပြီး တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ်မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဆတ်မြို့အဝင် အရှည် ၃၂၈ ပေ၊ အကျယ် ၃၀ ပေရှိသည့် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားမှာ ၁၃၀ ပေခန့် ရေစီးနှင့် မျောပါပျက်စီးသွားခဲ့ရသည်။

 

ပျက်စီးသွားခဲ့သည့် တံတားအပေါ်တွင် ပေ ၁၅၀ အရှည်ရှိ နှစ်လွှာတစ်ထပ်ဘေလီတံတားအား ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၁၂ က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး အောက်တိုဘာလ ဒုတိယပတ်ကုန်အပြီးတွင် အမြန်ဆုံးပြီးစီးနိုင်ရေး နေ့/ည မပြတ် ဆောင်ရွက်ရှိသည်။

ထိုသို့ တံတားပြင်ဆင်နေမှုများကို အောက်တိုဘာ ၂ ရက်နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment