Sunday, September 29, 2024

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား

 

နေပြည်တော် စက်တင်ဘာ ၂၉

၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး၂၀ ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံမီတာ ၁၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား ၁၀ မျိုးစုံ အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ၈၀၀ ပြေးပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ၂၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား ၁၀ မျိုးစုံ တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ မီတာ ၄၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသိရိအားကစားရုံ(A)တွင် အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက်အတိုတ် ရှုံးထွက်ပွဲစဉ်များ၊ ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့် ဗိုလ်လုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ကစားကြသည်။ ထို့နောက် အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသားပန်ကြပ်ဆီးလပ်အတိုက် ပြိုင်ပွဲ (က) တန်း၊ အမျိုးသားဓားနှစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဓားနှစ်လက် အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသားဓားတစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဓားတစ်လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသမီးပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီးဓားတစ်လက်အတိုက်ပြိုင်ပွဲ၊ လက်ထောက်နည်းပြတစ်ကိုယ်တော်ဓားတစ်လက်ပညာစဉ် စွမ်းရည်ပြနှင့်အမျိုးသမီးတစ်ကိုယ်တော် ဓားတစ်လက်ပညာစဉ်စွမ်းရည်ပြ ပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်းပြိုင်ပွဲ၊ ကအဆင့်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲတို့၏ ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် လေ့ကျင့်ရေးကွင်း(၁)၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ၆ ဂိုး၊ ၁ ဂိုးဖြင့်လည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုအသင်းအား ၇ ဂိုး၊ ၁ ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment