နေပြည်တော် ဇွန် ၁
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (ရုံးချုပ်) ၌ ကျင်းပသည်။
အစည်းအဝေးတွင်
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသန့်စင်က စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေကြသည့်
ကုမ္ပဏီ/ လုပ်ငန်းရှင် များအနေဖြင့် ပြည်ပမှ စက်သုံးဆီများတင်သွင်းခြင်းနှင့် Terminal များအလိုက်
ဆီတင်/ချ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ကျပြီး ပိုမိုလွယ်ကူလျင်မြန်သည့် ကောင်းမွန်သော
လုပ်ထုံးလုပ်နည်း/လုပ်ငန်းစဉ်များ ဖြစ်ထွန်းလာစေရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းသို့
စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း
လက်ရှိကျင့်သုံးနေသည့် SOP (Standard Operating Procedure) များအပေါ်
ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် လိုအပ်နေသေးသည့် SOP အသစ်များ ရေးဆွဲခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီအသင်းအဖွဲ့များအကြား
ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်သွားကြရန်လိုအပ်ကြောင်း။
ကုမ္ပဏီများအလိုက်
စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုစာရင်းအင်း အချက်အလက်များကို တိကျစွာ
ပြုစုထားရှိကြရန်၊ ပြည်သူလူထုသို့ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီသော စက်သုံးဆီများ
ဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ
ကြပ်မတ်ဆောင်ရွက်ကြရန်၊ စက်သုံးဆီအရောင်းဆိုင်များတွင် POS စနစ်နှင့် CCTV
တပ်ဆင်အသုံးပြုမှုမှသည် Real-time Software စနစ်
တပ်ဆင်အသုံးပြုနိုင်သည်အထိ တွန်းအားပေးဆောင်ရွက်ကြရန်၊ သိုလှောင်စခန်း၊
ဆိပ်ကမ်းနှင့် အရောင်းဆိုင်များ၏ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်
လုပ်ငန်းခွင်ရှိ သစ်ပင်၊ သစ်ကိုင်းများ စနစ်တကျရှင်းလင်းခြင်းနှင့်
လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံများကို
ကြိုတင်ပြင်ဆင်ထားရှိရန် မှာကြားပြီး အစည်းအဝေးတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment